မြို့သိမ်းတိုက်ပွဲတွေ မကြာမှီလာတော့မည်💪💪….see more

ကွန်မန်ဒိုနှင့် စနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဟု NUG ပြည်ထဲရေးဝန်ကြီး ဌာနဖွဲ့စည်း

SOF များကို မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများတွင် တာဝန်ပေးမည်ဟုဆို

ကျော်ဇော/People’s Spring

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဖွဲ့စည်းထားပြီး ယင်းအဖွဲ့သည် ဝန်ကြီးဌာန၏ လက်ရင်းတပ်အဖြစ်ရပ်တည်လျှက်ရှိကြောင်း ယနေ့(သြဂုတ် ၂၂) အသိပေး ထုတ်ပြန်လိုက်သည်။

တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ဂျူလိုင် ၁၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တပ်ဖွဲ့ကို တပ်မဟာ (၆)၊ တပ်ရင်း(၁၈)နယ်မြေ၌ လေ့ကျင့်သင်ကြားထားသော
အထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမား ၄၄ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ပထမဆုံး အထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင် အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုဘဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်”ဟု ဆိုသည်။

လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင် ရေးလုပ်ငန်းများအား တာဝန်ပေးထားပြီး ကျေးလက် စစ်ဆင်ရေးအနေဖြင့် တနသ်ာရီနှင့် ကရင်ပြည်နယ်တပ်မဟာအသီးရှိ ရှိရင်းစွဲစစ်ကြောင်းများသို့ ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးဆောင်ရွက်လျှက်ရှိသည်ဟု အသိပေးသည်။

မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် မစ်ရှင်များကိုဆောင်ရွက်ကြောင်း ဖော်ပြသည်။

အလားတူ ကျေးလက်စစ်ဆင်ရေးများကို တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ သက် ဆိုင်ရာစစ်ကြောင်းမှူးများ၏ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ပို့ကိစ္စများအား တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူများနည်းတူ S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးသည်ဟု ထုတ်ပြန် သည်။

SPECIAL OPERATION FORCE (S.O.F) သည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားချက်များအတိုင်း၊ တပ်ဖွဲ့ရုံး တပ်မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း ကျရာတာဝန်များကို ကြိုးစားအကောင်အထည်ဖော်လျှက်ရှိကာ တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းနှင့်အချက်အလက်များအား ထပ်မံဖော်ပြပေးသွားမည်ဟု ဝန်ကြီးဌာနက အသိပေးထားသည်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

Zawgyi(version)

ကြန္မန္ဒိုႏွင့္ စနိုက္ပါသမားမ်ားျဖင့္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕(SOF)ဟု NUG ျပည္ထဲေရးဝန္ႀကီး ဌာနဖြဲ႕စည္း

SOF မ်ားကို ၿမိဳ႕ျပႏွင့္ ေက်းလက္စစ္ဆင္ေရးမ်ားတြင္ တာဝန္ေပးမည္ဟုဆို

ေက်ာ္ေဇာ/People’s Spring

NUG အစိုးရ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနက အထူးကြန္မန္ဒိုႏွင့္ အထူးစနိုက္ပါသမားမ်ားျဖင့္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕(SOF)ဖြဲ႕စည္းထားၿပီး ယင္းအဖြဲ႕သည္ ဝန္ႀကီးဌာန၏ လက္ရင္းတပ္အျဖစ္ရပ္တည္လွ်က္ရွိေၾကာင္း ယေန႕(ၾသဂုတ္ ၂၂) အသိေပး ထုတ္ျပန္လိုက္သည္။

တပ္ဖြဲ႕စတင္ဖြဲ႕စည္းခဲ့သည္မွာ ၂၀၂၂ ဂ်ဴလိုင္ ၁၉ ရက္တြင္ တစ္ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး တပ္ဖြဲ႕ကို တပ္မဟာ (၆)၊ တပ္ရင္း(၁၈)နယ္ေျမ၌ ေလ့က်င့္သင္ၾကားထားေသာ
အထူးကြန္မန္ဒိုႏွင့္ အထူးစနိုက္ပါသမား ၄၄ဦးကို အေျခတည္ၿပီး စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပ သည္။

“ပထမဆုံး အထူးသင္တန္းဆင္းခ်ိန္တြင္ တပ္ဖြဲ႕ဝင္အင္ အား ၁၇၀ ဦးျဖစ္သည္။ ဆက္လက္ၿပီး အထူးသင္တန္းမ်ားကို သင္တန္းတစ္ျဖတ္လွ်င္ လူ ၅၀ ဦးထက္မပိုဘဲ စုေဆာင္းေလ့က်င့္သင္ၾကားလွ်က္ရွိသည္”ဟု ဆိုသည္။

ေလ့က်င့္သင္ၾကားၿပီးေသာ တပ္ဖြဲ႕ဝင္မ်ားကို ေတာင္ပိုင္းစစ္ေဒသအတြင္းရွိ ရန္ကုန္၊ ဧရာဝတီ၊ မြန္ ၿမိဳ႕ျပစစ္ဆင္ ေရးလုပ္ငန္းမ်ားအား တာဝန္ေပးထားၿပီး ေက်းလက္ စစ္ဆင္ေရးအေနျဖင့္ တနသ္ာရီႏွင့္ ကရင္ျပည္နယ္တပ္မဟာအသီးရွိ ရွိရင္းစြဲစစ္ေၾကာင္းမ်ားသို႔ ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားအျဖစ္ တာဝန္ေပးေဆာင္႐ြက္လွ်က္ရွိသည္ဟု အသိေပးသည္။

ၿမိဳ႕ျပစစ္ဆင္ေရးလုပ္ငန္းမ်ားကို ေတာင္ပိုင္းစစ္ေဒသကြပ္ကဲေရးအဖြဲ႕ တာဝန္ခံႏွင့္ ေတာင္ပိုင္းစစ္ဆင္ေရးဌာနတာဝန္ခံ၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း S.O.F တပ္ဖြဲ႕႐ုံးမွ တိုက္ရိုက္ကြပ္ကဲစီမံကာ သက္ဆိုင္ရာ စစ္တိုင္းတာဝန္ခံမ်ား၏ ပူးေပါင္းညွိႏွိုင္းေဆာင္႐ြက္မႉမ်ားျဖင့္ မစ္ရွင္မ်ားကိုေဆာင္႐ြက္ေၾကာင္း ေဖာ္ျပသည္။

အလားတူ ေက်းလက္စစ္ဆင္ေရးမ်ားကို ေတာင္ပိုင္းစစ္ေဒသ ဒုစစ္ဦးစီးမႉး၏ လမ္းၫႊန္ခ်က္ႏွင့္အညီ သက္ ဆိုင္ရာစစ္ေၾကာင္းမႉးမ်ား၏ အစီအစဥ္အတိုင္း ပူးေပါင္းေဆာင္႐ြက္လွ်က္ရွိၿပီး ေထာက္ပို႔ကိစၥမ်ားအား ေတာင္ပိုင္းေထာက္/ပို႔တာဝန္ရွိသူမ်ားနည္းတူ S.O.F တပ္ဖြဲ႕႐ုံးမွ တိုက္ရိုက္ စီစဥ္ေဆာင္႐ြက္ေပးသည္ဟု ထုတ္ျပန္ သည္။

SPECIAL OPERATION FORCE (S.O.F) သည္ ေတာင္ပိုင္းစစ္ေဒသကြပ္ကဲေရးအဖြဲ႕၏ တိုက္ရိုက္ၫႊန္ၾကားခ်က္မ်ားအတိုင္း၊ တပ္ဖြဲ႕႐ုံး တပ္မႉးႏွင့္ တာဝန္ရွိသူမ်ား၏ ႀကီးၾကပ္ကြပ္ကဲမႉမ်ားအတိုင္း က်ရာတာဝန္မ်ားကို ႀကိဳးစားအေကာင္အထည္ေဖာ္လွ်က္ရွိကာ တပ္ဖြဲ႕ႏွင့္သက္ဆိုင္သည့္ သတင္းႏွင့္အခ်က္အလက္မ်ားအား ထပ္မံေဖာ္ျပေပးသြားမည္ဟု ဝန္ႀကီးဌာနက အသိေပးထားသည္။

ဓာတ္ပုံ – အထူးစစ္ဆင္ေရးတပ္ဖြဲ႕ – S.O.F