Khit Thit အပါအဝင် မီဒီယာများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်၍ ထိရောက်စွာ အရေးယူရမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြော

Khit Thit အပါအဝင် မီဒီယာများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်၍ ထိရောက်စွာ အရေးယူရမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြော

ရန်ကုန်၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား တွင် Khit Thit အပါအဝင် မီဒီယာတချို့ကြောင့် ဒေါ်လာ တန်ဖိုးမြင့်တက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ထိရောက်စွာ အရေးယူရမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုကြောင်း ဘဏ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၈ သိန်း အထိ ရောက်ရှိမှုသည် Khit Thit အပါအဝင် မီဒီယာတချို့၏ သတင်းရေးသား ဖော်ပြမှုကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ‌ ဒေါ်သန်းသန်းဆွေက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စက်တင်ဘာ ၁ ရက်နေ့ ၊ စက်တင်ဘာ ၂ ရက်နေ့တွေမှာ ဘဏ်တွေရော သွင်းကုန်လုပ်ငန်းရှင်တွေရော ကို ဒေါ်သန်းသန်းဆွေက အစည်းအဝေးခေါ်တယ်။ အဲဒီမှာ ခေတ်သစ်နဲ့မီဒီယာတွေကြောင့် ဒီလို ငွေလဲနှုန်း ဖြစ်တယ်ပေါ့။ ပြည်သူလူထုကို စိုးရိမ်ပူပန်မှုဖြစ်အောင် လုပ်တယ်ပေါ့။ ဒါကြောင့် အရေးယူရမယ် ဆိုတာမျိုးပြောတယ်။ တကယ်တော့ သူက အပြစ်ဖို့နေတာ တကယ်က ဗဟိုဘဏ်က ကျနော်တို့ ဒေါ်လာတွေကို တစ်ဒေါ်လာ ၁၈၅၀ သိမ်းယူပြီး ပြန်မရောင်းပေးတာကို မပြောဘူး။ ဒေါ်လာ ပြတ်လပ်နေတာကို မပြောဘူး” ဟု ဘဏ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ဖြစ်သော စီးပွားရေးသမားကမူ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းသည် မီဒီယာများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း၊ အာဏာသိမ်းမှု ကြောင့် တိုင်းပြည် စီးပွားရေးပြိုလဲနေခြင်းဖြစ်ကြောင်း၊ လူထုက စစ်တပ်နှင့် ကျပ်ငွေ အပေါ် အယုံ အကြည်မဲ့လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ပေးမည်၊ ရွှေဒင်္ဂါး ထုတ်ရောင်း မည်ဟု အမျိုးမျိုး လှည့်ဖြားလျက်ရှိကြောင်း ပြောဆိုသည်။

“ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးမယ်ပြောတယ်။ တကယ်တမ်းကျတော့ အပေါင်ထားပြီး ချေးရတယ်။ ရွှေဒင်္ဂါး ထုတ်ရောင်းမယ် ပြောတယ်။ ဘာမှ မတွေ့ရဘူး။ အဲဒီတော့ ဖြစ်နေတာက မီဒီယာတွေကြောင့် ဆိုတာတော့ လက်မခံပါဘူး။

တကယ်တိုင်းပြည်စီးပွားရေး ကောင်းရင် မီဒီယာက ဘာရေးရေး အေးအေး လူလူဖြစ်မှာပဲ။ အခုက အာဏာသိမ်းထားတယ်။ စစ်တပ်ကို မယုံကြည်ဘူး။ ကျပ်ငွေကို မယုံကြည်ဘူး။ ဒါတွေကြောင့်ဖြစ်နေတာပါ။

စျေးကွက်စီးပွားရေးတာက ရောင်းလိုအား၊ ဝယ်လိုအားနဲ့ အားမျှစျေးနှုန်း အတိုင်းပဲ သွားကြတာပါ။ ကိုယ်ညံ့တာဝန်မခံချင်လို့ သူများ လွှဲချနေတာ။ စစ်တပ်က အာဏာသိမ်းထားတာလား။ မီဒီယာက အာဏာသိမ်းထားတာလား ပြန်မေးရမလိုဖြစ်နေပြီ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

လက်ရှိ ပြည်တွင်းငွေလဲစျေးကွက်တွင် ပိတ်ရက်များတွင်ပါ ငွေလဲနှုန်းမြင့်တက်နေခြင်းသည်လည်း စျေးကစားမှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီနှင့်ဗဟိုဘဏ်က တောက်လျှောက်ဆိုသလို ပြောဆိုလျက်ရှိသည်။

“စျေးကစားတာကြောင့်ဆိုတာက လုံး၀ မမှန်ဘူး။ ရှေ့မှာလည်း ပြောခဲ့ပြီးပြီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ မတ်လအထိ အမေရိကန်ဒေါ်လာ ၅၅၄ သန်း ဗဟိုဘဏ်က ထုတ်ရောင်းခဲ့တယ်။ ဒေါ်လာ ကျဆင်းသွားသလား။ အဓိကက ဒေါ်လာ ပြတ်လပ်မှုဖြစ်နေတာ။ စီးပွားရေးမကောင်းတာ။

စီးပွားရေး လုပ်မရတာ။ ယုံကြည်မှု ပျောက်တာ။ အာဏာနဲ့ လူတွေကို အနိုင်ကျင့်နေတာ။ သတ်နေတာ။ အဲဒါတွေ ဖြစ်နေတာကို ။ အဲဒါကို လက်မခံသမျှကာလပတ်လုံးတော့ ဒီစီးပွားရေး ပျက်ရုံအပြင် ဘာမှ ဖြစ်မလာဘူး” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

လက်ရှိတွင် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အကြား၊ အခေါက်ရွှေစျေးမှာ ငွေကျပ် ၃၁ သိန်းနှင့် ၃၂ သိန်းအကြား စျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ။

Zawgyi(version)

Khit Thit အပါအဝင္ မီဒီယာမ်ားေၾကာင့္ ေဒၚလာတန္ဖိုးျမင့္တက္၍ ထိေရာက္စြာ အေရးယူရမည္ဟု ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြ ေျပာ

ရန္ကုန္၊ စက္တင္ဘာ ၅

ျမန္မာနိုင္ငံ၏ နိုင္ငံျခားေငြ လဲလွယ္ႏႈန္းထား တြင္ Khit Thit အပါအဝင္ မီဒီယာတခ်ိဳ႕ေၾကာင့္ ေဒၚလာ တန္ဖိုးျမင့္တက္ေနျခင္းျဖစ္ၿပီး စစ္ေကာင္စီက ထိေရာက္စြာ အေရးယူရမည္ဟု ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာဆိုေၾကာင္း ဘဏ်အသိုင်းအ၀ိုင်းထံမှ သိရွိရသည္။

ဩဂုတ္လ ၃၁ ရက္ေန႕တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၄၅၀၀ က်ပ္ႏွင့္ အေခါက္ေ႐ႊတစ္က်ပ္သား ေငြက်ပ္ ၃၈ သိန္း အထိ ေရာက္ရွိမႈသည္ Khit Thit အပါအဝင္ မီဒီယာတခ်ိဳ႕၏ သတင္းေရးသား ေဖာ္ျပမႈေၾကာင့္ ျဖစ္သည္ဟု ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာဆိုလိုက္ျခင္းျဖစ္သည္။

စက္တင္ဘာ ၁ ရက္ေန႕ ၊ စက္တင္ဘာ ၂ ရက္ေန႕ေတြမွာ ဘဏ္ေတြေရာ သြင္းကုန္လုပ္ငန္းရွင္ေတြေရာ ကို ေဒၚသန္းသန္းေဆြက အစည္းအေဝးေခၚတယ္။ အဲဒီမွာ ေခတ္သစ္နဲ႕မီဒီယာေတြေၾကာင့္ ဒီလို ေငြလဲႏႈန္း ျဖစ္တယ္ေပါ့။ ျပည္သူလူထုကို စိုးရိမ္ပူပန္မႈျဖစ္ေအာင္ လုပ္တယ္ေပါ့။ ဒါေၾကာင့္ အေရးယူရမယ္ ဆိုတာမ်ိဳးေျပာတယ္။ တကယ္ေတာ့ သူက အျပစ္ဖို႔ေနတာ တကယ္က ဗဟိုဘဏ္က က်ေနာ္တို႔ ေဒၚလာေတြကို တစ္ေဒၚလာ ၁၈၅၀ သိမ္းယူၿပီး ျပန္မေရာင္းေပးတာကို မေျပာဘူး။ ေဒၚလာ ျပတ္လပ္ေနတာကို မေျပာဘူး ဟု ဘဏ်အသိုင်းအ၀ိုင်း သတင္းရင္းျမစ္က ေျပာသည္။

ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္ျဖစ္ေသာ စီးပြားေရးသမားကမူ နိုင္ငံျခားေငြလဲလွယ္ႏႈန္းထားတြင္ ေဒၚလာတန္ဖိုး ျမင့္တက္ျခင္းသည္ မီဒီယာမ်ားႏွင့္ မည္သို႔မွ် မသက္ဆိုင္ေၾကာင္း၊ အာဏာသိမ္းမႈ ေၾကာင့္ တိုင္းျပည္ စီးပြားေရးၿပိဳလဲေနျခင္းျဖစ္ေၾကာင္း၊ လူထုက စစ္တပ္ႏွင့္ က်ပ္ေငြ အေပၚ အယုံ အၾကည္မဲ့လာျခင္းျဖစ္ေၾကာင္း၊ အေမရိကန္ေဒၚလာ သန္း ၂၀၀ ထုတ္ေပးမည္၊ ေ႐ႊဒဂၤါး ထုတ္ေရာင္း မည္ဟု အမ်ိဳးမ်ိဳး လွည့္ျဖားလ်က္ရွိေၾကာင္း ေျပာဆိုသည္။

ေဒၚလာ သန္း ၂၀၀ ေထာက္ပံ့ေပးမယ္ေျပာတယ္။ တကယ္တမ္းက်ေတာ့ အေပါင္ထားၿပီး ေခ်းရတယ္။ ေ႐ႊဒဂၤါး ထုတ္ေရာင္းမယ္ ေျပာတယ္။ ဘာမွ မေတြ႕ရဘူး။ အဲဒီေတာ့ ျဖစ္ေနတာက မီဒီယာေတြေၾကာင့္ ဆိုတာေတာ့ လက္မခံပါဘူး။

တကယ္တိုင္းျပည္စီးပြားေရး ေကာင္းရင္ မီဒီယာက ဘာေရးေရး ေအးေအး လူလူျဖစ္မွာပဲ။ အခုက အာဏာသိမ္းထားတယ္။ စစ္တပ္ကို မယုံၾကည္ဘူး။ က်ပ္ေငြကို မယုံၾကည္ဘူး။ ဒါေတြေၾကာင့္ျဖစ္ေနတာပါ။

ေစ်းကြက္စီးပြားေရးတာက ေရာင္းလိုအား၊ ဝယ္လိုအားနဲ႕ အားမွ်ေစ်းႏႈန္း အတိုင္းပဲ သြားၾကတာပါ။ ကိုယ္ညံ့တာဝန္မခံခ်င္လို႔ သူမ်ား လႊဲခ်ေနတာ။ စစ္တပ္က အာဏာသိမ္းထားတာလား။ မီဒီယာက အာဏာသိမ္းထားတာလား ျပန္ေမးရမလိုျဖစ္ေနၿပီ ဟု ရန္ကုန္စီးပြားေရးသမားက ဆိုသည္။

လက္ရွိ ျပည္တြင္းေငြလဲေစ်းကြက္တြင္ ပိတ္ရက္မ်ားတြင္ပါ ေငြလဲႏႈန္းျမင့္တက္ေနျခင္းသည္လည္း ေစ်းကစားမႈေၾကာင့္ ျဖစ္သည္ဟု စစ္ေကာင္စီႏွင့္ဗဟိုဘဏ္က ေတာက္ေလွ်ာက္ဆိုသလို ေျပာဆိုလ်က္ရွိသည္။

ေစ်းကစားတာေၾကာင့္ဆိုတာက လုံး၀ မမွန္ဘူး။ ေရွ႕မွာလည္း ေျပာခဲ့ၿပီးၿပီ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ၂၀၂၂ မတ္လအထိ အေမရိကန္ေဒၚလာ ၅၅၄ သန္း ဗဟိုဘဏ္က ထုတ္ေရာင္းခဲ့တယ္။ ေဒၚလာ က်ဆင္းသြားသလား။ အဓိကက ေဒၚလာ ျပတ္လပ္မႈျဖစ္ေနတာ။ စီးပြားေရးမေကာင္းတာ။

စီးပြားေရး လုပ္မရတာ။ ယုံၾကည္မႈ ေပ်ာက္တာ။ အာဏာနဲ႕ လူေတြကို အနိုင္က်င့္ေနတာ။ သတ္ေနတာ။ အဲဒါေတြ ျဖစ္ေနတာကို ။ အဲဒါကို လက္မခံသမွ်ကာလပတ္လုံးေတာ့ ဒီစီးပြားေရး ပ်က္႐ုံအျပင္ ဘာမွ ျဖစ္မလာဘူး ဟု ရန္ကုန္စီးပြားေရးသမားက ဆိုသည္။

လက္ရွိတြင္ ျပည္တြင္းေစ်းကြက္တြင္ အေမရိကန္တစ္ေဒၚလာ ေငြက်ပ္ ၃၅၀၀ က်ပ္မွ ၃၈၀၀ က်ပ္အၾကား၊ အေခါက္ေ႐ႊေစ်းမွာ ေငြက်ပ္ ၃၁ သိန္းႏွင့္ ၃၂ သိန္းအၾကား ေစ်းေပါက္လ်က္ရွိေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ဓာတ္ပုံ- အၾကမ္းဖက္ စစ္ေကာင္စီခန႔္ ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြ။