ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို တိုက်ခိုက်၊
ရေယာဉ်တစ်စီး ထိမှန်ပြီး အသေအပျောက် ရှိနိုင်ဟုဆို၊
MFP၊ စက်တင်ဘာ – ၄
ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ဒီညနေပိုင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စင်း ထိမှန်ပြီး စကစတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ‘ချိုမိုင်မိုင်’ ယင်းမာပင်၊ ကနီ မဟာမိတ်တပ်ပေါင်းစုက သတင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တင်ဘာ(၄)ရက် ညနေ(၄)နာရီက ကနီနှင့် ဘုတလင်ကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ် ခုနှစ်စီးကို မိုင်းဆွဲခဲ့တာ ဖြစ်ပြီး အမိုးအကာ မပါတဲ့ ရေယာဉ်တစ်စီးကို ရွေးကာ ရှေ့ထွက်မိုင်းငါး လုံးကို ပဒေသမိုင်းနဲ့တွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
“အထက်ပိုင်းကနေ ဆင်းလာတဲ့ ခွေးဖလက်ခွန်တွေဗျ။ မြစ်အရှေ့ဘက်ကမ်းဆိုတော့ ဘုတလင်နယ် ကျတယ်ဗျ။ ကျောက်စိမ်းတင် ဖလက်ခွန်လိုတော့ သိရတယ်” လို့ ချိုမိုင်မိုင် တပ်ပေါင်းစုက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ချိုမိုင်မိုင် တပ်ပေါင်းစုနှင့် ဘုတလင်(ပကဖ)တို့ ပူးပေါင်းကာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရေယာဉ်တွေကို ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဒရုန်းတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို ချိုမိုင်မိုင် ယင်းမာပင်၊ ကနီ မဟာမိတ် တပ်ပေါင်းစုရဲက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ ဟုမ္မလင်းနဲ့ ခန္တီးဘက်ကနေ စုန်ဆင်းလာတာ ဖြစ်ပြီး ဒေသခံလူငယ် (၁၅)ဦးနှင့် (၃၀)ကြားကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ် တင်ဆောင်လာကာ ဒီကနေ့ညပိုင်းမှာတော့ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းကို ကပ်သွားကြပြီလို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။
“ဟုမ္မလင်းနဲ့ ခန္တီးဘက်မှာ သတင်း အမှောင်ချထားတဲ့တွက် ပြည်သူတွေက သတင်းရမှု ၊ နိူင်ငံရေးသတင်းတွေကို မသိနိူင်တဲ့တွက် စစ်ခွေးတွေရဲ့ အကြပ်ကိုင် သိမ်းသွင်းစည်းရုံးမှုတွေကြောင့် ပါလာတယ် ထင်တယ်ဗျ” လို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင် ရဲဘော်က မှတ်ချက်ပေးပါတယ်။
ဓားစာခံ လူသားဒိုင်းအဖြစ် စစ်အုပ်စုက ရေယာဉ်တွေပေါ် ခေါ်တင်လာတဲ့ လူငယ်တွေထဲမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ်လို ဒေသသတင်းရင်းမြစ်တွေက ပြောဆိုကြပေမယ့် MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ကနီနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာတဲ့ စစ္အုပ္စုရဲ႕ ေရယာဥ္ေတြကို တိုက္ခိုက္၊
ေရယာဥ္တစ္စီး ထိမွန္ၿပီး အေသအေပ်ာက္ ရွိနိုင္ဟုဆို၊
MFP၊ စက္တင္ဘာ – ၄
ခ်င္းတြင္း ျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာတဲ့ စစ္အုပ္စုရဲ႕ ေရယာဥ္ေတြကို ဒီညေနပိုင္း မိုင္းေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ေရယာဥ္တစ္စင္း ထိမွန္ၿပီး စကစေတြ ထိခိုက္ေသဆုံးမႈ ရွိနိုင္တယ္လို႔ ‘ခ်ိဳမိုင္မိုင္’ ယင္းမာပင္၊ ကနီ မဟာမိတ္တပ္ေပါင္းစုက သတင္း ထုတ္ျပန္ပါတယ္။
ဒီကေန႕ စက္တင္ဘာ(၄)ရက္ ညေန(၄)နာရီက ကနီႏွင့္ ဘုတလင္ၾကား ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာတဲ့ စစ္အုပ္စုရဲ႕ ေရယာဥ္ ခုႏွစ္စီးကို မိုင္းဆြဲခဲ့တာ ျဖစ္ၿပီး အမိုးအကာ မပါတဲ့ ေရယာဥ္တစ္စီးကို ေ႐ြးကာ ေရွ႕ထြက္မိုင္းငါး လုံးကို ပေဒသမိုင္းနဲ႕တြဲၿပီး ေဖာက္ခြဲတိုက္ခိုက္ခဲ့တာလို ဆိုပါတယ္။
“အထက္ပိုင္းကေန ဆင္းလာတဲ့ ေခြးဖလက္ခြန္ေတြဗ်။ ျမစ္အေရွ႕ဘက္ကမ္းဆိုေတာ့ ဘုတလင္နယ္ က်တယ္ဗ်။ ေက်ာက္စိမ္းတင္ ဖလက္ခြန္လိုေတာ့ သိရတယ္” လို႔ ခ်ိဳမိုင္မိုင္ တပ္ေပါင္းစုက ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာပါတယ္။
ခ်ိဳမိုင္မိုင္ တပ္ေပါင္းစုႏွင့္ ဘုတလင္(ပကဖ)တို႔ ပူးေပါင္းကာ မိုင္းေဖာက္ခြဲ တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး ေရယာဥ္ေတြကို ဒ႐ုန္းနဲ႕ ဗုံးထု တိုက္ခိုက္ဖို႔ စီစဥ္ခဲ့ေပမယ့္ ႐ုတ္တရက္ မိုးသက္ေလျပင္း တိုက္ခတ္တာေၾကာင့္ ဒ႐ုန္းတစ္စင္း ပ်က္စီးဆုံးရႈံးခဲ့ရတယ္လို ခ်ိဳမိုင္မိုင္ ယင္းမာပင္၊ ကနီ မဟာမိတ္ တပ္ေပါင္းစုရဲက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
စစ္အုပ္စုရဲ႕ ေရယာဥ္ေတြဟာ ဟုမၼလင္းနဲ႕ ခႏၱီးဘက္ကေန စုန္ဆင္းလာတာ ျဖစ္ၿပီး ေဒသခံလူငယ္ (၁၅)ဦးႏွင့္ (၃၀)ၾကားကိုလည္း ဓားစာခံ လူသားဒိုင္းအျဖစ္ ဖမ္းေခၚ တင္ေဆာင္လာကာ ဒီကေန႕ညပိုင္းမွာေတာ့ မုံ႐ြာၿမိဳ႕ အလုံမင္းေဒါင့္ဆိပ္ကမ္းကို ကပ္သြားၾကၿပီလို႔ အထက္ပါရဲေဘာ္က ဆက္ေျပာပါတယ္။
“ဟုမၼလင္းနဲ႕ ခႏၱီးဘက္မွာ သတင္း အေမွာင္ခ်ထားတဲ့တြက္ ျပည္သူေတြက သတင္းရမႈ ၊ နိူင္ငံေရးသတင္းေတြကို မသိနိူင္တဲ့တြက္ စစ္ေခြးေတြရဲ႕ အၾကပ္ကိုင္ သိမ္းသြင္းစည္း႐ုံးမႈေတြေၾကာင့္ ပါလာတယ္ ထင္တယ္ဗ်” လို႔ ခ်ိဳမိုင္မိုင္တပ္ဖြဲ႕ဝင္ ရဲေဘာ္က မွတ္ခ်က္ေပးပါတယ္။
ဓားစာခံ လူသားဒိုင္းအျဖစ္ စစ္အုပ္စုက ေရယာဥ္ေတြေပၚ ေခၚတင္လာတဲ့ လူငယ္ေတြထဲမွာ တကၠသိုလ္ေက်ာင္းသားေတြလည္း ပါတယ္လို ေဒသသတင္းရင္းျမစ္ေတြက ေျပာဆိုၾကေပမယ့္ MFP အေနနဲ႕ သီးျခား အတည္ျပဳနိုင္တာေတာ့ မရွိေသးပါဘူး။
ကနီနယ္ အပါအဝင္ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ေတြကို စစ္အုပ္စုက ဖုန္းႏွင့္ အင္တာနက္ ဆက္သြယ္ေရး လိုင္းေတြ ျဖတ္ေတာက္ထားပါတယ္။