PDFနှင့် LPDFများကြား ခွဲခြားဆက်ဆံခံနေရသောကြောင့် NUGကူညီဖြေရှင်းပေးရန် LPDFများ‌တောင်းဆို

PDFနှင့် LPDFများကြား ခွဲခြားဆက်ဆံခံနေရသောကြောင့် NUGကူညီဖြေရှင်းပေးရန် LPDFများ‌တောင်းဆို

စက်တင်ဘာ ၄၊ ၂၀၂၂

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေ စိုးမိုးမှုအများဆုံးရှိထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့(LPDF)တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့ နေရကြောင်း LPDFတွေကပြောပါတယ်။

“ကျနော်တို့ ဒီဘက်တွေမှာက အက်ကြောင်းလေးတွေပေါ့ဗျာ။ NUGတပ်ရင်းတပ်ဖွဲ့က တရားဝင်ဖြစ်ပြီး ကျနော်တို့LPDFတွေက တရားမဝင်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဆိုတဲ့ပုံစံမျိုးနဲ့ ပြောဆိုနေကြတယ်။

ဒါတွေဟာလည်း အကြီးပိုင်းတွေနဲ့အကုန်စကားပြောလိုက်ရင် အဆင်ပြေသွားမှာပါ။ အောက်လက်ငယ် သားတွေကျတော့ ကျနော်တို့ကိုမလိုလားအပ်တဲ့ပုံစံမျိုးတွေပေါ့ ဆက်ဆံကြတာ။ ကျနော်တို့က မစ်ရှင် တစ်ခုလုပ်မယ်ဆိုရင်တောင် NUGရဲ့ တရားဝင်တပ်ရင်းတပ်ဖွဲ့ နီးစပ်ရာကို အကြောင်းကြားတယ်။

ညှိနှိုင်း မှုတွေနဲ့ စစ်ရေးမစ်ရှင်ကို ပူးပေါင်းဆွဲတာပါဗျ။ ဒါပေမယ့်တော်‌တော်များများပေါ့နော် အဓိက ကရွာတွေမှာပေါ့၊ ရွာတွေကိုဆင်းတဲ့အချိန်ကျ သူတို့ကNUGအောက်က၊ ကျနော်တို့ကNUGအောက်ကမဟုတ်ဘူး ဒါကြောင့်တရားမဝင်ဘူး။ ဘာမှလုပ်ပေးစရာမလိုဘူးဆိုတဲ့အနေအထားမျိုးတွေ အများကြီးကြုံရတယ်ဗျ” လို့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ တောင်ညိုနဂါးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင်ကိုဂျေပီက BVJကိုပြောပါတယ်။

ဒါ့အပြင် PDF ဖြစ်စေ၊ LPDFဖြစ်စေ စစ်အစိုးရပြုတ်ကျရေးပန်းတိုင်ကို သွားနေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် NUGအနေနဲ့လည်း LPDFတွေကို ကူညီ‌ပေးစေချင်ကြောင်း ပြောပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်ကို မြေပြင်မှာစစ်ဆင်ရေးတွေလုပ်ပြီး တော်လှန်နေတဲ့ IR ခင်ဦးပျောက်ကြား အဖွဲ့ခေါင်းဆောင် ဗိုလ်နေတိုးကလည်းအခုလိုပြောပါတယ်။

“ကျနော်တို့ IRအဖွဲ့အစည်းကို NUGနဲ့အချိတ်အဆက်မရသေးတဲ့အခါကျတော့ တရားမဝင်အဖွဲ့ဆိုပြီးပြောကြတယ်။ ပြီးတော့ ပကဖအဖွဲ့ခေါင်း‌ဆောင်တွေကလည်း ကျနော်တို့ကို အဖွဲ့အစည်းမရှိဘူး။

လုပ်စားကိုင်စားတွေ တကယ်မလုပ်ဘဲနဲ့ အလှုခံစားတွေ၊ ရဲဘော်တွေလည်းတကယ်မကျဘဲနဲ့ DBကိုပြပြီး လိမ်စားတယ်ဆိုပြီး ကျနော်တို့ကိုပုတ်ခတ်တယ်။ ပုတ်ခတ်ပြီးတော့ ကျနော်တို့ကိုအကျိုးအကြောင်းမမေးဘဲနဲ့ အဲ့လိုတွေလျောက်ပြောတာ။ ကျနော်တို့မှာမြေပြင်မှာ အသက်တွေနဲ့တိုက်ပွဲဝင်နေရတာပါ။

ဒါတွေကို NUGကို တိုက်ရိုက်တောင်းဆိုပါတယ်။ ဖြေရှင်းပေးကြပါ၊ ဖြေရှင်းပေးဖို့ကလည်း NUGအဖွဲ့အစည်းတစ်ခုပဲရှိတာဆိုတော့။ ခြိမ်းခြောက်မှုတွေလည်း ကျနော်တို့ကြုံတွေ့ခဲ့ရတယ်”လို့ ပြောပါတယ်။

ဒေါင်းမျိုးဆက် ကနီPDFတပ်ဖွဲ့ ခေါင်းဆောင်က“ပကဖနဲ့ LPDFက ကွာခြားမှုတွေရှိတယ်။ဥပမာ ရွာထဲကို ခွေးတွေဘာတွေဝင်လာရင်တောင်မှ ပကဖကမှ ပစ်ခွင့်ရှိတာပေါ့။ ပကဖကမှပစ်မိန့်မပေး ရင် LPDFတွေက ပစ်ခွင့်မရှိဘူး။ နောက်Localတွေအနေနဲ့ ရွာတွေဘာတွေထဲကို ဖြတ်ပြီးသွားမယ်ဆိုရင်တောင် အသိပေးအကြောင်းကြားပြီးမှ သွားလို့ရတယ်။ တိုက်ပွဲမှာကျပကဖက မတိုက်တာများတယ်။ ပကဖကခွေး တွေလာရင် အသိပေးမယ်။ပြည်သူတွေနဲ့ အတူ ပြေးမယ်။ ရှောင်နေမယ်ပေါ့။

ရှောင်သွားတာလည်း များပါတယ်။တိုက် တာကတစ်ဖွဲ့ လုပ်စားတာကတစ်ဖွဲ့ အဲ့လိုမျိုး။ တချို့မြေပြင်မှာ တကယ်ချနေတဲ့အဖွဲ့တွေက အသံမထွက် ဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၃၁)ရက်ကလည်း NUGလက်အောက်ခံ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)က ဝက်လက်မြို့နယ် အရှေ့ပိုင်းရှိ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဗိုလ်ကျားကြီးတပ်ဖွဲ့ ဟာ ဆက်ကြေး တောင်းတယ်လို့ စွပ်စွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

စစ်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့ အဖွဲ့တွေအချင်းချင်း အခုလိုလုပ်ရပ်မျိုးမလုပ်သင့်ကြောင်း ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရNUGကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ ဖြေရှင်းပြောဆိုထားတာမျိုး မတွေ့ရသေးပါဘူး။

Zawgyi(version)

PDFႏွင့္ LPDFမ်ားၾကား ခြဲျခားဆက္ဆံခံေနရေသာေၾကာင့္ NUGကူညီေျဖရွင္းေပးရန္ LPDFမ်ားေတာင္းဆို

စက္တင္ဘာ ၄၊ ၂၀၂၂

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြ စိုးမိုးမႈအမ်ားဆုံးရွိထားတဲ့ စစ္ကိုင္းတိုင္းနဲ႕ မေကြးတိုင္းတို႔မွာ ျပည္သူ႕ကာ ကြယ္ေရးတပ္ဖြဲ႕(PDF)ေတြနဲ႕ ေဒသကာကြယ္ ေရးတပ္ဖြဲ႕(LPDF)ေတြအေပၚ ခြဲျခားဆက္ဆံမႈေတြ ႀကဳံေတြ႕ ေနရေၾကာင္း LPDFေတြကေျပာပါတယ္။

က်ေနာ္တို႔ ဒီဘက္ေတြမွာက အက္ေၾကာင္းေလးေတြေပါ့ဗ်ာ။ NUGတပ္ရင္းတပ္ဖြဲ႕က တရားဝင္ျဖစ္ၿပီး က်ေနာ္တို႔LPDFေတြက တရားမဝင္လက္နက္ကိုင္ အၾကမ္းဖက္အဖြဲ႕ဆိုတဲ့ပုံစံမ်ိဳးနဲ႕ ေျပာဆိုေနၾကတယ္။

ဒါေတြဟာလည္း အႀကီးပိုင္းေတြနဲ႕အကုန္စကားေျပာလိုက္ရင္ အဆင္ေျပသြားမွာပါ။ ေအာက္လက္ငယ္ သားေတြက်ေတာ့ က်ေနာ္တို႔ကိုမလိုလားအပ္တဲ့ပုံစံမ်ိဳးေတြေပါ့ ဆက္ဆံၾကတာ။ က်ေနာ္တို႔က မစ္ရွင္ တစ္ခုလုပ္မယ္ဆိုရင္ေတာင္ NUGရဲ႕ တရားဝင္တပ္ရင္းတပ္ဖြဲ႕ နီးစပ္ရာကို အေၾကာင္းၾကားတယ္။

ညွိႏွိုင္း မႈေတြနဲ႕ စစ္ေရးမစ္ရွင္ကို ပူးေပါင္းဆြဲတာပါဗ်။ ဒါေပမယ့္ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္ အဓိက က႐ြာေတြမွာေပါ့၊ ႐ြာေတြကိုဆင္းတဲ့အခ်ိန္က် သူတို႔ကNUGေအာက္က၊ က်ေနာ္တို႔ကNUGေအာက္ကမဟုတ္ဘူး ဒါေၾကာင့္တရားမဝင္ဘူး။ ဘာမွလုပ္ေပးစရာမလိုဘူးဆိုတဲ့အေနအထားမ်ိဳးေတြ အမ်ားႀကီးႀကဳံရတယ္ဗ် လို႔ မေကြးတိုင္းအေျခစိုက္ ေတာ္လွန္ေရးအဖြဲ႕တစ္ခုျဖစ္တဲ့ ေတာင္ညိုနဂါးျပည္သူ႕ကာကြယ္ ေရးတပ္ဖြဲ႕ တိုက္ခိုက္ေရးအဖြဲ႕ေခါင္းေဆာင္ကိုေဂ်ပီက BVJကိုေျပာပါတယ္။

ဒါ့အျပင္ PDF ျဖစ္ေစ၊ LPDFျဖစ္ေစ စစ္အစိုးရျပဳတ္က်ေရးပန္းတိုင္ကို သြားေနတဲ့အဖြဲ႕ေတြျဖစ္တဲ့အတြက္ NUGအေနနဲ႕လည္း LPDFေတြကို ကူညီေပးေစခ်င္ေၾကာင္း ေျပာပါတယ္။

အလားတူပဲ စစ္ေကာင္စီတပ္ကို ေျမျပင္မွာစစ္ဆင္ေရးေတြလုပ္ၿပီး ေတာ္လွန္ေနတဲ့ IR ခင္ဦးေပ်ာက္ၾကား အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေနတိုးကလည္းအခုလိုေျပာပါတယ္။

က်ေနာ္တို႔ IRအဖြဲ႕အစည္းကို NUGနဲ႕အခ်ိတ္အဆက္မရေသးတဲ့အခါက်ေတာ့ တရားမဝင္အဖြဲ႕ဆိုၿပီးေျပာၾကတယ္။ ၿပီးေတာ့ ပကဖအဖြဲ႕ေခါင္းေဆာင္ေတြကလည္း က်ေနာ္တို႔ကို အဖြဲ႕အစည္းမရွိဘူး။

လုပ္စားကိုင္စားေတြ တကယ္မလုပ္ဘဲနဲ႕ အလႈခံစားေတြ၊ ရဲေဘာ္ေတြလည္းတကယ္မက်ဘဲနဲ႕ DBကိုျပၿပီး လိမ္စားတယ္ဆိုၿပီး က်ေနာ္တို႔ကိုပုတ္ခတ္တယ္။ ပုတ္ခတ္ၿပီးေတာ့ က်ေနာ္တို႔ကိုအက်ိဳးအေၾကာင္းမေမးဘဲနဲ႕ အဲ့လိုေတြေလ်ာက္ေျပာတာ။ က်ေနာ္တို႔မွာေျမျပင္မွာ အသက္ေတြနဲ႕တိုက္ပြဲဝင္ေနရတာပါ။

ဒါေတြကို NUGကို တိုက္ရိုက္ေတာင္းဆိုပါတယ္။ ေျဖရွင္းေပးၾကပါ၊ ေျဖရွင္းေပးဖို႔ကလည္း NUGအဖြဲ႕အစည္းတစ္ခုပဲရွိတာဆိုေတာ့။ ၿခိမ္းေျခာက္မႈေတြလည္း က်ေနာ္တို႔ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။

ေဒါင္းမ်ိဳးဆက္ ကနီPDFတပ္ဖြဲ႕ ေခါင္းေဆာင္ကပကဖနဲ႕ LPDFက ကြာျခားမႈေတြရွိတယ္။ဥပမာ ႐ြာထဲကို ေခြးေတြဘာေတြဝင္လာရင္ေတာင္မွ ပကဖကမွ ပစ္ခြင့္ရွိတာေပါ့။ ပကဖကမွပစ္မိန႔္မေပး ရင္ LPDFေတြက ပစ္ခြင့္မရွိဘူး။ ေနာက္Localေတြအေနနဲ႕ ႐ြာေတြဘာေတြထဲကို ျဖတ္ၿပီးသြားမယ္ဆိုရင္ေတာင္ အသိေပးအေၾကာင္းၾကားၿပီးမွ သြားလို႔ရတယ္။ တိုက္ပြဲမွာက်ပကဖက မတိုက္တာမ်ားတယ္။ ပကဖကေခြး ေတြလာရင္ အသိေပးမယ္။ျပည္သူေတြနဲ႕ အတူ ေျပးမယ္။ ေရွာင္ေနမယ္ေပါ့။

ေရွာင္သြားတာလည္း မ်ားပါတယ္။တိုက္ တာကတစ္ဖြဲ႕ လုပ္စားတာကတစ္ဖြဲ႕ အဲ့လိုမ်ိဳး။ တခ်ိဳ႕ေျမျပင္မွာ တကယ္ခ်ေနတဲ့အဖြဲ႕ေတြက အသံမထြက္ ဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္(၃၁)ရက္ကလည္း NUGလက္ေအာက္ခံ ဝက္လက္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း(၂)က ဝက္လက္ၿမိဳ႕နယ္ အေရွ႕ပိုင္းရွိ ေဒသကာ ကြယ္ေရးတပ္ဖြဲ႕ဗိုလ္က်ားႀကီးတပ္ဖြဲ႕ ဟာ ဆက္ေၾကး ေတာင္းတယ္လို႔ စြပ္စြဲၿပီး ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးသူေတြနဲ႕ ဒဏ္ရာရရွိသူေတြရွိခဲ့ပါတယ္။

စစ္အာဏာရွင္ကိုတိုက္ထုတ္ေနတဲ့ အဖြဲ႕ေတြအခ်င္းခ်င္း အခုလိုလုပ္ရပ္မ်ိဳးမလုပ္သင့္ေၾကာင္း ေဝဖန္မႈေတြ ျမင့္တက္ေနေပမယ့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရNUGကေတာ့ ဒီကိစၥနဲ႕ပက္သက္ၿပီး တစ္စုံတစ္ရာ ေျဖရွင္းေျပာဆိုထားတာမ်ိဳး မေတြ႕ရေသးပါဘူး။