မြန်မာစစ်ခေါင်းဆောင် က ရုရှား EFF ဖိုရမ်ကို တက်‌ရောက်ဖို့ရှိတယ်လို့ဆို၊ တက်ရောက်သူစာရင်းမှာ စစ်ခေါင်းဆောင်ကို ဖော်ပြထားတာ မတွေ့ရသေ

မြန်မာစစ်ခေါင်းဆောင် ရုရှား EFF ဖိုရမ်ကို တက်‌ရောက်ဖို့ရှိတယ်လို့ဆို၊

တက်ရောက်သူစာရင်းမှာ စစ်ခေါင်းဆောင်ကို ဖော်ပြထားတာ မတွေ့ရသေး

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံအရှေ့ပိုင်းက ဗလာဒီဗာစတော့ မြို့မှာ ရုရှားအစိုးရက ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို မနက်ဖြန်မှာ တက်ရောက်ဖို့ရှိပါတယ်။

ရုရှားအစိုးရက ကျင်းပတဲ့ အဲဒီဖိုရမ်ရဲ့ ဖိတ်ကြားချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မှာဖြစ် ပြီး ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိသလို ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးဖို့ရှိတယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ အစောပိုင်းကတည်းက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတကိုယ်တိုင်ကအသိအမှတ်ပြုဖွဲ့စည်းပေးထားပြီး အဲဒီဖိုရမ်အခမ်းအနားအစီအစဥ်တွေနဲ့ တက်ရောက်မယ့်သူတွေအကြောင်း၊ ဆွေးနွေးပွဲပြုလုပ်မယ့်အကြောင်းအရာတွေကို ဖော်ပြနေတဲ့ Roscongress Foundation စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပွဲအခမ်းအနားတွေမှာ ပါဝင်တက်ရောက်မယ့်သူအဖြစ် ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဆိုင်ရာဝန်ကြီး ဦးကံဇော်ကတော့ စက်တင်ဘာလ ၆ ရက်မှာ ကျင်းပမယ့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကိုတော့ တက်ရောက်ဖို့ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

အခုဖိုရမ်ကို တက်ရောက်ဖို့ ရုရှားသမ္မတအကြံပေးနဲ့ မြန်မာစစ်ကောင်စီသံအမတ် ဦးလွင်ဦးတို့ မော်စကိုမြို့မှာ ပြီးခဲ့တဲ့လကတွေ့ဆုံခဲ့အပြီး အခုခရီးစဥ်သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ဖို့ရှိသလို တစ်ဖက်မှာ ရုရှားအစိုးရအဖွဲ့တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ်လို့ စစ်ကောင်စီဘက်ကပြောထားတာကြောင့် စစ်ခေါင်းဆောင်ရဲ့အခုရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ခန့်မှန်းမှုတွေလည်းထွက်ပေါ်နေပါတယ်။

မြန်မာပြည်တွင်း အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်တုန်းက ၆ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို မြန်မာစစ်ကောင်စီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

Zawgyi(version)

ျမန္မာစစ္ေခါင္းေဆာင္ ႐ုရွား EFF ဖိုရမ္ကို တက္ေရာက္ဖို႔ရွိတယ္လို႔ဆို၊

တက္ေရာက္သူစာရင္းမွာ စစ္ေခါင္းေဆာင္ကို ေဖာ္ျပထားတာ မေတြ႕ရေသး

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ဟာ ႐ုရွားနိုင္ငံအေရွ႕ပိုင္းက ဗလာဒီဗာစေတာ့ ၿမိဳ႕မွာ ႐ုရွားအစိုးရက က်င္းပမယ့္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္(EEF)ကို မနက္ျဖန္မွာ တက္ေရာက္ဖို႔ရွိပါတယ္။

႐ုရွားအစိုးရက က်င္းပတဲ့ အဲဒီဖိုရမ္ရဲ႕ ဖိတ္ၾကားခ်က္နဲ႕ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္တက္ေရာက္မွာျဖစ္ ၿပီး ႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႕ေတြ႕ဆုံဖို႔ရွိသလို ခ်စ္ၾကည္ေရး၊ စီးပြားေရးနဲ႕ က႑ေပါင္းစုံ ပူးေပါင္းေဆာင္႐ြက္ေရးေတြကို ေဆြးႏြေးဖို႔ရွိတယ္လို႔ စစ္ေကာင္စီသတင္းစာေတြမွာ အေစာပိုင္းကတည္းက ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ႐ုရွားသမၼတကိုယ္တိုင္ကအသိအမွတ္ျပဳဖြဲ႕စည္းေပးထားၿပီး အဲဒီဖိုရမ္အခမ္းအနားအစီအစဥ္ေတြနဲ႕ တက္ေရာက္မယ့္သူေတြအေၾကာင္း၊ ေဆြးႏြေးပြဲျပဳလုပ္မယ့္အေၾကာင္းအရာေတြကို ေဖာ္ျပေနတဲ့ Roscongress Foundation စာမ်က္ႏွာမွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကို ပြဲအခမ္းအနားေတြမွာ ပါဝင္တက္ေရာက္မယ့္သူအျဖစ္ ေဖာ္ျပထားတာ မေတြ႕ရေသးပါဘူး။

စစ္ေကာင္စီရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈနဲ႕ နိုင္ငံျခားစီးပြားဆက္ဆံေရးဆိုင္ရာဝန္ႀကီး ဦးကံေဇာ္ကေတာ့ စက္တင္ဘာလ ၆ ရက္မွာ က်င္းပမယ့္ ႐ုရွား-အာဆီယံ စီးပြားေရးေဆြးႏြေးပြဲကိုေတာ့ တက္ေရာက္ဖို႔ ရွိတယ္လို႔ ေဖာ္ျပထားတာေတြ႕ရပါတယ္။

အခုဖိုရမ္ကို တက္ေရာက္ဖို႔ ႐ုရွားသမၼတအႀကံေပးနဲ႕ ျမန္မာစစ္ေကာင္စီသံအမတ္ ဦးလြင္ဦးတို႔ ေမာ္စကိုၿမိဳ႕မွာ ၿပီးခဲ့တဲ့လကေတြ႕ဆုံခဲ့အၿပီး အခုခရီးစဥ္သတင္း ထြက္ေပၚလာတာျဖစ္ပါတယ္။

အခုပြဲကို ႐ုရွားသမၼတပူတင္ တက္ေရာက္ဖို႔ရွိသလို တစ္ဖက္မွာ ႐ုရွားအစိုးရအဖြဲ႕တာ၀န္ရွိသူေတြနဲ႕လည္း ေတြ႕ဆုံမယ္လို႔ စစ္ေကာင္စီဘက္ကေျပာထားတာေၾကာင့္ စစ္ေခါင္းေဆာင္ရဲ႕အခု႐ုရွားခရီးစဥ္အတြင္း ႐ုရွားသမၼတ ပူတင္နဲ႕ ေတြ႕ဆုံနိုင္ေျခရွိတယ္လို႔ ခန့္မွန္းမႈေတြလည္းထြက္ေပၚေနပါတယ္။

ျမန္မာျပည္တြင္း အာဏာသိမ္းၿပီးတဲ့ေနာက္ ၂၀၂၁ ခုႏွစ္တုန္းက ၆ ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္(EEF)ကို ျမန္မာစစ္ေကာင္စီကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္အဖြဲ႕အေနနဲ႕ စီမံကိန္းနဲ႕ဘ႑ာေရးဝန္ႀကီး ဦးဝင္းရွိန္က ဦးေဆာင္တက္ေရာက္ခဲ့ပါတယ္။