မို-င်းသင်တန်းဆင်း ရဲဘော်သုံးဦးက အပြန်လမ်းတွင် စစ်ကောင်စီတပ်ယာဥ်တွေ့ ၍ လမ်းကြုံ မို-င်းဆွဲတို-က်ခို-က်

မိုင်းသင်တန်းဆင်း ရဲဘော်သုံးဦးက အပြန်လမ်းတွင် စစ်ကောင်စီတပ်ယာဥ်တွေ့ ၍ လမ်းကြုံ မိုင်းဆွဲတိုက်ခိုက်

နွေးနွေး/People’s Spring

မိုင်းသင်တန်းဆင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးက ၎င်းတို့ပြန်မည့်လမ်းတွင် တွေ့ရသည့် စစ်အုပ်စုယာဥ်ကို လမ်းကြုံမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကလေး PDF (People’s Defence Force Kalay)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ယာဥ်အား မိုင်းခွဲတိုက်ခိုက်မှုကို ကလေးမြို့နယ် အင်ဒိုင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၃ရက်) ​ပြုလုပ်ခဲ့​​​ခြင်း ဖြစ်သည်။

” တကယ်တော့ သူတို့က(ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး) မိုင်းသင်တန်းဆင်းပြီး ပြန်တာ။ ပြန်တဲ့လမ်းမှာ စခတွေက ​ရှိနေတော့ ပြန်မရအုံးမယ့်အတူ ငါတို့မှာလည်း မိုင်းပါတယ်ဆိုပြီး စစ်ခွေးကားလာနိုင်ခြေရှိတဲ့ နေရာမှာ မိုင်းထောင်တာ။ ချက်ကောင်းထိတယ်။ အရမ်းတော်တယ်။ ရယ်လည်းရယ်ရတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးသည် People’s Defence Force Kalay -Mine Team တွင် မိုင်းထုတ်လုပ်ဖောက်ခွဲရေး မွမ်းမံသင်တန်းတက်ခဲ့သူများဖြစ်သည်။

” မိုင်းသင်တန်းက ဒီနေ့မှဆင်းတယ်။ ဒီနေ့ဂျိမ်းလိုက်တယ် “ဟု People’s Defence Force Kalay -Mine Team က စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်တတိယလပတ်အတွင်းကလည်း ကလေး PDF မှ မိုင်းကျွမ်းကျင်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ရန်လာရောက်စဥ် မိုင်းခြောက်လုံး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရသည်။ ယင်းဖြစ်စဥ်တွင် နေအိမ်လုံးဝပျက်စီသွားသော်လည်း စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများအား ပြသထားစဥ်၊ ဓာတ်ပုံ – People’s Defence Force Kalay-Mine Team)

Zawgyi(version)

မိုင္းသင္တန္းဆင္း ရဲေဘာ္သုံးဦးက အျပန္လမ္းတြင္ စစ္ေကာင္စီတပ္ယာဥ္ေတြ႕ ၍ လမ္းႀကဳံ မိုင္းဆြဲတိုက္ခိုက္

ႏြေးႏြေး/Peoples Spring

မိုင္းသင္တန္းဆင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ လူငယ္သုံးဦးက ၎တို႔ျပန္မည့္လမ္းတြင္ ေတြ႕ရသည့္ စစ္အုပ္စုယာဥ္ကို လမ္းႀကဳံမိုင္းခြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သားႏွစ္ဦးေသဆုံးေၾကာင္း ကေလး PDF (Peoples Defence Force Kalay)တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္ ယာဥ္အား မိုင္းခြဲတိုက္ခိုက္မႈကို ကေလးၿမိဳ႕နယ္ အင္ဒိုင္းကုန္းေက်း႐ြာအနီးတြင္ ယမန္ေန႕(စက္တင္ဘာ ၃ရက္) ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

တကယ္ေတာ့ သူတို႔က(ျပည္သူ႕ကာကြယ္ေရးရဲေဘာ္ သုံးဦး) မိုင္းသင္တန္းဆင္းၿပီး ျပန္တာ။ ျပန္တဲ့လမ္းမွာ စခေတြက ရွိေနေတာ့ ျပန္မရအုံးမယ့္အတူ ငါတို႔မွာလည္း မိုင္းပါတယ္ဆိုၿပီး စစ္ေခြးကားလာနိုင္ေျခရွိတဲ့ ေနရာမွာ မိုင္းေထာင္တာ။ ခ်က္ေကာင္းထိတယ္။ အရမ္းေတာ္တယ္။ ရယ္လည္းရယ္ရတယ္ဟု အဆိုပါတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ လူငယ္သုံးဦးသည္ Peoples Defence Force Kalay -Mine Team တြင္ မိုင္းထုတ္လုပ္ေဖာက္ခြဲေရး မြမ္းမံသင္တန္းတက္ခဲ့သူမ်ားျဖစ္သည္။

မိုင္းသင္တန္းက ဒီေန႕မွဆင္းတယ္။ ဒီေန႕ဂ်ိမ္းလိုက္တယ္ ဟု Peoples Defence Force Kalay -Mine Team က စက္တင္ဘာလ ၃ရက္တြင္ ထုတ္ျပန္သည္။

မိုင္းေဖာက္ခြဲတိုက္ခိုက္ခံရေသာ စစ္ေကာင္စီတပ္ယာဥ္သည္ မိုးကာအုပ္ထား၍ ထိခိုက္သူအေရအတြက္ကို အတိအက်မသိရေသာ္လည္း ႏွစ္ဦးေသဆုံးသည္ကို အတည္ျပဳနိုင္ေၾကာင္း ဆိုသည္။

ၿပီးခဲ့သည့္ ၾသဂုတ္တတိယလပတ္အတြင္းကလည္း ကေလး PDF မွ မိုင္းကြၽမ္းက်င္သူတစ္ဦး၏ ေနအိမ္ကို စစ္ေကာင္စီတပ္က မီးရွို႔ရန္လာေရာက္စဥ္ မိုင္းေျခာက္လုံး ေဖာက္ခြဲတိုက္ခိုက္ခံလိုက္ရသည္။ ယင္းျဖစ္စဥ္တြင္ ေနအိမ္လုံးဝပ်က္စီသြားေသာ္လည္း စစ္ေကာင္စီတပ္ အထိနာခဲ့သည္ဟု ကေလး PDF တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

(မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ပစၥည္းမ်ားအား ျပသထားစဥ္၊ ဓာတ္ပုံ Peoples Defence Force Kalay-Mine Team)