ထားဝယ်မှာစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခံရ၊ဗိုလ်ကြီးအပါအဝင် (၈)ဦးသေတယ်လို့ သိရ (ရုပ်သံ)
လူငယ့်ခေတ်
စက်တင်ဘာ ၄
တနင်္သာရီတိုင်း ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းမကြီး အတိုင်း ထားဝယ်ဖက် ကနေ ချီတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ၁ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၈)ဦးသေတယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးအဖွဲ့ဖြစ်တဲ့ အဲ့ဒီစစ်ကြောင်းကို သရက်ငုတ် ကျေးရွာအနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မှာ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် (၈)ဦးသေပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုစစ်ဆင်ရေးကို က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ အတူ ပူးပေါင်းမဟာမိတ် အဖွဲ့ ဖြစ်တဲ့ Dawei Guerilla Revolutionary Force (DGRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဖူးလို့ သိရပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Video-က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
Zawgyi(version)
ထားဝယ္မွာစစ္ေကာင္စီတပ္ၾကားျဖတ္တိုက္ခံရ၊ဗိုလ္ႀကီးအပါအဝင္ (၈)ဦးေသတယ္လို႔ သိရ (႐ုပ္သံ)
လူငယ့္ေခတ္
စက္တင္ဘာ ၄
တနသၤာရီတိုင္း ထားဝယ္အေရွ႕ေတာေဒသ ထားဝယ္-ထီးခီးလမ္းမႀကီး အတိုင္း ထားဝယ္ဖက္ ကေန ခ်ီတက္လာတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ၁ရက္ေန႕က ၾကားျဖတ္တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီဖက္က ဗိုလ္ႀကီးတစ္ဦးအပါအဝင္ (၈)ဦးေသတယ္လို႔ ကႅားသစၰတ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ က သတင္းထုတ္ျပန္ပါတယ္။
စစ္ေကာင္စီယာဥ္တန္းရဲ႕ ေရွ႕ေျပးအဖြဲ႕ျဖစ္တဲ့ အဲ့ဒီစစ္ေၾကာင္းကို သရက္ငုတ္ ေက်း႐ြာအနီးမွာ ၾကားျဖတ္ တိုက္ခိုက္ခဲ့ရာ မွာ စစ္ေကာင္စီဗိုလ္ႀကီးတစ္ဦးအပါအဝင္ (၈)ဦးေသၿပီး (၅)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အခုစစ္ဆင္ေရးကို ကႅားသစၰတ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ နဲ႕ အတူ ပူးေပါင္းမဟာမိတ္ အဖြဲ႕ ျဖစ္တဲ့ Dawei Guerilla Revolutionary Force (DGRF) တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ အထိအခိုက္မရွိခဲ့ဖူးလို႔ သိရပါတယ္။
Video-ကႅားသစၰတ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕