စစ်တပ်က လယ်ဇင်မှာ ရွာသားတွေကို ဖမ်းပြီး ရွာထဲကပစ္စည်းတွေကို လုယက်ခိုးယူ…see more

စစ်တပ်က လယ်ဇင်မှာ ရွာသားတွေကို ဖမ်းပြီး ရွာထဲကပစ္စည်းတွေကို လုယက်

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ (၂)ရက်နေ့က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်က လယ်ဇင်ရွာကို ဝင်ရောက်ခဲ့ပြီး သူတို့ပြန်ထွက်သွားချိန်မှာ ရွာသားတွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေအပြင် ၊ ကားတွေ ၊ ရွှေတွေကိုပါ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။

“တချို့အိမ်တွေက ရွှေတိုရွှေစတွေပါသွားတာပါ။ ဖုန်းတွေဆိုရင်ဗျာ တွေ့သမျှဖုန်းအကုန်ယူတယ်။ ကျွန်တော်တို့အိမ်ကတော့ ပိုက်ဆံအနည်းအကျဉ်းပဲ ပါသွားတယ်။အမျိုးမကင်းတဲ့တအိမ်ကဆို ရွှေတောင်မှ ခြောက်ကျပ်သားလောက်ပါသွားတယ်ပြောတယ်။ အဲ့ဒီအဒေါ်ကြီးဆိုရင် တောထဲမှာ ရှောင်ရင်းနဲ့ အဲ့သတင်းကြားတော့ တက်သွားတယ်လို့တောင်ကြားတယ်ဗျ” လို့ ပြောပါတယ်။ စစ်တပ်ဟာ လယ်ဇင်ရွာကို ဝင်ရောက်လာချိန်မှာ အရပ်ဝတ်တချို့ကိုလည်း ခေါ်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဝင်ရောက်လာချိန် အခြေအနေနဲ့ ပတ်သက်ပြီး“ဝင်လာတော့ ရှောင်တဲ့သူတွေကလည်းရှောင်တာပေါ့ ရွာထဲတပ်စွဲမယ်မထင်လို့ ခါတိုင်းလို ဆိုင်ရာနေရာကိုသွားပြီးတော့ ပြန်မယ်ထင်လို့ မရှောင်တဲ့သူကလည်း မရှောင်ဘူး” လို့ ရွာသားတဦးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ရွာထဲမှာ ပြည်သူပိုင်နေအိမ်အများစုကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို ၊ အလှူအတန်းပြုလုပ်ဖို့ ရည်ရွယ်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ပစ္စည်းတွေအပြင် ရွာထဲက ကားနှစ်စီးကိုလည်း ယူသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

“အိမ်ကိုလူရှိလားလို့မေးပြီး သော့ခတ်ထားတဲ့ခြံဝင်းတံခါးကိုဖျက်ဝင်တယ်ဗျ၊ အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယတွေ အကုန်ထုရိုက်ဖျက်ဆီးပစ်တာပေါ့၊ လူရှိတဲ့အိမ်ဆို လူကိုခေါ်သွားတယ်၊ လူမရှိတဲ့အိမ်ဆိုလုပ်ချင်ရာလုပ် ရှာချင်ရာရှာ ပိုက်ဆံတွေဘာတွေ အကုန်ကိုယူတယ်၊ မဝင်တဲ့အိမ်က ခပ်နည်းနည်းဗျ၊ ဝင်တဲ့အိမ်ကများတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာထဲက အိမ်တွေကိုမွှေနှောက်ရှာဖွေရင်း ရွာထဲမှာ တွေ့တဲ့သူတွေကို ရွာဘုရားဆီသို့ခေါ်ဆောင်သွားခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် (၁၈) နှစ်ကနေ (၄၀) အတွင်းက တချို့ကိုတော့ သူတို့နဲ့အတူ ခေါ်ပြီး စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ရွာကပြန်ထွက်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့လ ဩဂုတ် (၂၆ )ရက်နေ့ကလည်း လယ်ဇင်ရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာအဝင်မှာ ရွာသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သလို သူတို့ဖမ်းခေါ်လာတဲ့ အရပ်သားနှစ်ဦးကိုလည်း စာသင်ကျောင်းထဲမှာ မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

Zawgyi(version)

စစ္တပ္က လယ္ဇင္မွာ ႐ြာသားေတြကို ဖမ္းၿပီး ႐ြာထဲကပစၥည္းေတြကို လုယက္

အၾကမ္းဖက္စစ္တပ္ဟာ စက္တင္ဘာလ (၂)ရက္ေန႕က စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕နယ္က လယ္ဇင္႐ြာကို ဝင္ေရာက္ခဲ့ၿပီး သူတို႔ျပန္ထြက္သြားခ်ိန္မွာ ႐ြာသားေတြစုေဆာင္းထားတဲ့ ပစၥည္းဥစၥာေတြအျပင္ ၊ ကားေတြ ၊ ေ႐ႊေတြကိုပါ လုယက္ယူေဆာင္သြားတယ္လို႔ ေဒသခံတစ္ဦးက DNA ကိုေျပာပါတယ္။

တခ်ိဳ႕အိမ္ေတြက ေ႐ႊတိုေ႐ႊစေတြပါသြားတာပါ။ ဖုန္းေတြဆိုရင္ဗ်ာ ေတြ႕သမွ်ဖုန္းအကုန္ယူတယ္။ ကြၽန္ေတာ္တို႔အိမ္ကေတာ့ ပိုက္ဆံအနည္းအက်ဥ္းပဲ ပါသြားတယ္။အမ်ိဳးမကင္းတဲ့တအိမ္ကဆို ေ႐ႊေတာင္မွ ေျခာက္က်ပ္သားေလာက္ပါသြားတယ္ေျပာတယ္။ အဲ့ဒီအေဒၚႀကီးဆိုရင္ ေတာထဲမွာ ေရွာင္ရင္းနဲ႕ အဲ့သတင္းၾကားေတာ့ တက္သြားတယ္လို႔ေတာင္ၾကားတယ္ဗ် လို႔ ေျပာပါတယ္။ စစ္တပ္ဟာ လယ္ဇင္႐ြာကို ဝင္ေရာက္လာခ်ိန္မွာ အရပ္ဝတ္တခ်ိဳ႕ကိုလည္း ေခၚလာခဲ့တယ္လို႔ သိရပါတယ္။

အဲဒီလို ဝင္ေရာက္လာခ်ိန္ အေျခအေနနဲ႕ ပတ္သက္ၿပီးဝင္လာေတာ့ ေရွာင္တဲ့သူေတြကလည္းေရွာင္တာေပါ့ ႐ြာထဲတပ္စြဲမယ္မထင္လို႔ ခါတိုင္းလို ဆိုင္ရာေနရာကိုသြားၿပီးေတာ့ ျပန္မယ္ထင္လို႔ မေရွာင္တဲ့သူကလည္း မေရွာင္ဘူး လို႔ ႐ြာသားတဦးက ေျပာပါတယ္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္က ႐ြာထဲမွာ ျပည္သူပိုင္ေနအိမ္အမ်ားစုကိုလည္း ေမႊႏွောက္ဖ်က္ဆီးခဲ့သလို ၊ အလႉအတန္းျပဳလုပ္ဖို႔ ရည္႐ြယ္ၿပီး စုေဆာင္းထားတဲ့ ေငြေၾကးေတြနဲ႕ ပစၥည္းေတြအျပင္ ႐ြာထဲက ကားႏွစ္စီးကိုလည္း ယူသြားတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

အိမ္ကိုလူရွိလားလို႔ေမးၿပီး ေသာ့ခတ္ထားတဲ့ၿခံဝင္းတံခါးကိုဖ်က္ဝင္တယ္ဗ်၊ အိမ္မွာရွိတဲ့ ပစၥည္းပစၥယေတြ အကုန္ထုရိုက္ဖ်က္ဆီးပစ္တာေပါ့၊ လူရွိတဲ့အိမ္ဆို လူကိုေခၚသြားတယ္၊ လူမရွိတဲ့အိမ္ဆိုလုပ္ခ်င္ရာလုပ္ ရွာခ်င္ရာရွာ ပိုက္ဆံေတြဘာေတြ အကုန္ကိုယူတယ္၊ မဝင္တဲ့အိမ္က ခပ္နည္းနည္းဗ်၊ ဝင္တဲ့အိမ္ကမ်ားတာေပါ့ လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

႐ြာထဲက အိမ္ေတြကိုေမႊႏွောက္ရွာေဖြရင္း ႐ြာထဲမွာ ေတြ႕တဲ့သူေတြကို ႐ြာဘုရားဆီသို႔ေခၚေဆာင္သြားခဲ့ၿပီး တခ်ိဳ႕ကိုေတာ့ ျပန္လႊတ္ေပးခဲ့ေပမယ့္ အသက္ (၁၈) ႏွစ္ကေန (၄၀) အတြင္းက တခ်ိဳ႕ကိုေတာ့ သူတို႔နဲ႕အတူ ေခၚၿပီး စက္တင္ဘာလ (၃) ရက္ေန႕ မြန္းလြဲပိုင္းေလာက္မွာ ႐ြာကျပန္ထြက္သြားတယ္လို႔ သိရပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ ၿပီးခဲ့တဲ့လ ဩဂုတ္ (၂၆ )ရက္ေန႕ကလည္း လယ္ဇင္႐ြာထဲကို ဝင္ေရာက္ခဲ့ၿပီး ႐ြာအဝင္မွာ ႐ြာသားတစ္ဦးကို ေသနတ္နဲ႕ပစ္သတ္ခဲ့သလို သူတို႔ဖမ္းေခၚလာတဲ့ အရပ္သားႏွစ္ဦးကိုလည္း စာသင္ေက်ာင္းထဲမွာ မီးရွို႔ထားခဲ့တယ္လို႔ ေဒသခံေတြက DNA ကိုေျပာပါတယ္။