စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများဟု AA ခေါင်းဆောင်ပြော
▪️မြောက်ဦးတွင်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၊ ဒေသခံများကို ဖမ်းဆီး
▪️စစ်တွေတွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
ထိုက်ထိုက်/People’s Spring
စစ်ကောင်စီတပ်သည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ခဲ့သည့် သူရဲဘောကြောင်သူများ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ် ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
ယမန်နေ့ညပိုင်းက မြောက်ဦးမြို့ပေါ်၌ လက်နက် ကြီး ပစ်ခတ်ခြင်း၊ ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီးခြင်း အပါအဝင် စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး AA ခေါင်းဆောင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြောက်ဦးသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများ ၏ ဓားစာခံ အဖြစ်သို့ကျရေကြရောက်နေ ကြောင်း ကို AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာမှ ယနေ့ နံနက်တွင် ရေးသား ဖော်ပြခဲ့သည်။
” မနေ့ညက မြောက်ဦးမှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်တာရှိတယ် မြို့ပေါ်မှာ။ ဒီမနက်တော့ ဖမ်းဆီးမှုတွေရှိတယ်။ အဲဒီမှာ။ အမျိုးသမီးတွေရော သက်ကြီးရွယ်အိုတွေရော ဒေသခံတွေကိုရောလေ”ဟု ရခိုင်ဒေသခံက ပြောသည်။ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျမသိရဟု ၎င်းက ဆိုသည်။
” သူတို့(AA ခေါင်းဆောင်များ)ကလည်း ရခိုင်မှာ ဘယ်နေရာမှာ ဘာဖြစ်တယ် စစ်ကောင်စီက ဘာလုပ်တယ်ဆိုတာ သူတို့လည်း အချိန်နဲ့ တပြေးညီသိနေတာ စောင့်ကြည့်နေတာ။ အဲဒါကြောင့် သူတို့က မင်းတို့လုပ်တာကို ငါတို့ သိတယ်ဆိုတဲ့သဘောမျိုး Message ပေးတာပေါ့နော်။သူတို့(AA) ဘက်က ဘယ်လိုတုံ့ပြန်လာမလဲတော့ မသိဘူးပေါ့” ဟု ရခိုင်ဒေသခံ တစ်ဦးက ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။
မကြာသေးမီက မြောက်ဦးမြို့နယ် လက္ကာရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို AAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်ရှိခဲ့သည်။ ထိုစဉ်ကလည်း တိုက်ပွဲ ဖြစ်ရာနှင့် ၅ မိုင်ကျော်ဝေးသည့် ကျေးရွာအချိုကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် ၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ဦးကျော်ရှိခဲ့သည်။
ယနေ့နံနက်တွင်လည်း စစ်တွေမြို့၌ စစ်ကောင်စီတပ်က လူငယ် နှစ်ဦးကို တားဆီးပြီး တစ်ဦးကို အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။
“စစ်တွေမှာ ပစ်ခတ်ခံရတာရှိတယ်။ စစ်တွေ တက္ကသိုလ်နားက ရဲတပ်ရင်း (၃၆) ရှိတယ်လေ။ အဲဒီမှာ ဆိုင်ကယ်စီးလာတဲ့ ရိုဟင်ဂျာလူငယ်နှစ်ယောက်ကို ပစ်သတ်လိုက်တာ တစ်ယောက်သေသွားတယ်။ အလောင်းကို စစ်တွေဆေးရုံယူသွားတယ်။တ စ်ဦးကို သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောတယ်။ ဘာကြောင့် ပစ်သတ်တယ်ဆိုတာမသိဘူး။ ပြောတာကတော့ အဲဒီကို သွားတာ သူတို့ စစ်ဆေးတာမှာ စစ်ဆေးလို့ပြီးတဲ့ အချိန်မှာ အဲဒီလို ပစ်သတ်တာလို့ ပြောတယ်။ လည်ပင်းကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်လိုက်တာ”ဟု ရခိုင်ဒေသခံက ပြောသည်။
AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။
Zawgyi(version)
စစ္ေကာင္စီသည္ လက္နက္မဲ့အရပ္သားမ်ားကိုသာ တိုက္ခိုက္ရဲေသာ သူရဲေဘာေၾကာင္သူမ်ားဟု AA ေခါင္းေဆာင္ေျပာ
ေျမာက္ဦးတြင္တိုက္ပြဲမျဖစ္ဘဲ စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္၊ ေဒသခံမ်ားကို ဖမ္းဆီး
စစ္ေတြတြင္ လူငယ္တစ္ဦးကို စစ္ေကာင္စီတပ္ ပစ္သတ္
ထိုက္ထိုက္/Peoples Spring
စစ္ေကာင္စီတပ္သည္ လက္နက္မဲ့အရပ္သားမ်ားကိုသာ တိုက္ခိုက္ခဲ့သည့္ သူရဲေဘာေၾကာင္သူမ်ား ျဖစ္ေၾကာင္း ရကၡိုင့္တပ္ေတာ္(AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ ခ်ဳပ္ထြန္းျမတ္နိုင္က ေျပာၾကားသည္။
ယမန္ေန႕ညပိုင္းက ေျမာက္ဦးၿမိဳ႕ေပၚ၌ လက္နက္ ႀကီး ပစ္ခတ္ျခင္း၊ ေဒသခံ ျပည္သူမ်ားအေပၚ ဖမ္းဆီးျခင္း အပါအဝင္ စစ္ေကာင္စီတပ္က အရပ္သားမ်ားအား ပစ္မွတ္ထား တိုက္ခိုက္ျခင္းႏွင့္ ပတ္သက္ၿပီး AA ေခါင္းေဆာင္က ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေျမာက္ဦးသည္ လက္နက္မဲ့အရပ္သားမ်ားကိုသာ တိုက္ခိုက္ရဲေသာ သူရဲေဘာေၾကာင္သူမ်ား ၏ ဓားစာခံ အျဖစ္သို႔က်ေရၾကေရာက္ေန ေၾကာင္း ကို AA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္က ၎၏ တြစ္တာမွ ယေန႕ နံနက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။
မေန႕ညက ေျမာက္ဦးမွာ လက္နက္ႀကီး ၊ လက္နက္ငယ္ေတြနဲ႕ ပစ္တာရွိတယ္ ၿမိဳ႕ေပၚမွာ။ ဒီမနက္ေတာ့ ဖမ္းဆီးမႈေတြရွိတယ္။ အဲဒီမွာ။ အမ်ိဳးသမီးေတြေရာ သက္ႀကီး႐ြယ္အိုေတြေရာ ေဒသခံေတြကိုေရာေလဟု ရခိုင္ေဒသခံက ေျပာသည္။ဖမ္းဆီးခံရသည့္ အေရအတြက္ အတိအက်မသိရဟု ၎က ဆိုသည္။
သူတို႔(AA ေခါင္းေဆာင္မ်ား)ကလည္း ရခိုင္မွာ ဘယ္ေနရာမွာ ဘာျဖစ္တယ္ စစ္ေကာင္စီက ဘာလုပ္တယ္ဆိုတာ သူတို႔လည္း အခ်ိန္နဲ႕ တေျပးညီသိေနတာ ေစာင့္ၾကည့္ေနတာ။ အဲဒါေၾကာင့္ သူတို႔က မင္းတို႔လုပ္တာကို ငါတို႔ သိတယ္ဆိုတဲ့သေဘာမ်ိဳး Message ေပးတာေပါ့ေနာ္။သူတို႔(AA) ဘက္က ဘယ္လိုတုံ႕ျပန္လာမလဲေတာ့ မသိဘူးေပါ့ ဟု ရခိုင္ေဒသခံ တစ္ဦးက ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္၏ ေရးသားခ်က္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ျပဳသည္။
မၾကာေသးမီက ေျမာက္ဦးၿမိဳ႕နယ္ လကၠာ႐ြာအနီးတြင္ စစ္ေကာင္စီတပ္စစ္ေၾကာင္းကို AAက မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ အရာရွိ အပါအဝင္ ေသဆုံးထိခိုက္ရွိခဲ့သည္။ ထိုစဥ္ကလည္း တိုက္ပြဲ ျဖစ္ရာႏွင့္ ၅ မိုင္ေက်ာ္ေဝးသည့္ ေက်း႐ြာအခ်ိဳကို စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ား ရည္႐ြယ္ခ်က္ရွိရွိ ပစ္ခတ္တိုက္ခိုက္ခဲ့၍ အမ်ိဳးသမီးႏွင့္ ကေလးငယ္ အပါအဝင္ ၃ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၁၀ဦးေက်ာ္ရွိခဲ့သည္။
ယေန႕နံနက္တြင္လည္း စစ္ေတြၿမိဳ႕၌ စစ္ေကာင္စီတပ္က လူငယ္ ႏွစ္ဦးကို တားဆီးၿပီး တစ္ဦးကို အနီးကပ္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ရခိုင္ေဒသခံက ေျပာသည္။
စစ္ေတြမွာ ပစ္ခတ္ခံရတာရွိတယ္။ စစ္ေတြ တကၠသိုလ္နားက ရဲတပ္ရင္း (၃၆) ရွိတယ္ေလ။ အဲဒီမွာ ဆိုင္ကယ္စီးလာတဲ့ ရိုဟင္ဂ်ာလူငယ္ႏွစ္ေယာက္ကို ပစ္သတ္လိုက္တာ တစ္ေယာက္ေသသြားတယ္။ အေလာင္းကို စစ္ေတြေဆး႐ုံယူသြားတယ္။တ စ္ဦးကို သူတို႔ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေျပာတယ္။ ဘာေၾကာင့္ ပစ္သတ္တယ္ဆိုတာမသိဘူး။ ေျပာတာကေတာ့ အဲဒီကို သြားတာ သူတို႔ စစ္ေဆးတာမွာ စစ္ေဆးလို႔ၿပီးတဲ့ အခ်ိန္မွာ အဲဒီလို ပစ္သတ္တာလို႔ ေျပာတယ္။ လည္ပင္းကို ေသနတ္နဲ႕ ေတ့ၿပီး ပစ္သတ္လိုက္တာဟု ရခိုင္ေဒသခံက ေျပာသည္။
AAႏွင့္ စစ္ေကာင္စီတပ္တို႔သည္ ရေသ့ေတာင္၊ ေျမာက္ဦး၊ ေမာင္ေတာ၊ ပလက္၀ ၿမိဳ႕နယ္မ်ား၌ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ရာ ေဒသခံ ျပည္သူမ်ားလည္း စစ္ေဘးေရွာင္ေနၾကရသည္။