PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ဝမ်းတွင်းက ပျူနဂါး အသ-တ်ခံရ
MFP ၊ စက်တင်ဘာ – ၄
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာက ပျူစောထီး သင်တန်းဆင်း ဇော်လွင်ဌေး(ခ) နဂါးဆိုသူဟာ ဒီနေ့မွန်းလွဲပိုင်းမှာ အသ-တ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူဟာ စစ်အုပ်စုကို လမ်းပြကူညီပေးတာ၊ ပြည်သူတွေကို ခြိမ်းခြောက်တာတွေအပြင် အကြမ်းဖက်စစ်တပ် အားကိုးနဲ့ လာသ-တ်မယ့် PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးကောက်တာ၊ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်ပေးပြီး မူးတဲ့အခါတိုင်း ရပ်ရွာကို စိန်ခေါ်ဆဲဆိုနေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါကြောင့် ဒီနေ့ စက်တင်ဘာ (၄)ရက် မွန်းလွဲ သုံးနာရီခွဲအချိန်ခန့်မှာ ခင်ကြီးရွာနဲ့ ခင်ဘန်းရွာကြားလမ်းတစ်နေရာမှာ သေနတ်နဲ့ (၁၁)ချက်ခန့် အပစ်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Voice of Wundwin တာဝန်ရှိသူက ရှင်းပြပါတယ်။
ဇော်လွင်ဌေး(ခ) နဂါးဆိုသူကို အကြိမ်ကြိမ် စောင့်ကြည့်လေ့လာနေပေမယ့် ပြုပြင်လာခြင်းမရှိဘဲ ဆက်လက်မိုက်မဲနေတာကြောင့် လူယုတ်မာတို့သွားရာလမ်းကို ရွေးချယ်သွားတာဖြစ်တယ်လို့ ဝမ်းတွင်မြို့နယ်တော်လှန်ရေးအင်အားစု(WTRF)က ထုတ်ပြန်ထားပါတယ်။
Zawgyi(version)
PDF ေတြကို စစ္တပ္နဲ႕ ေထာင္ဖမ္းမယ္လို႔ ေႂကြးေၾကာ္ထားတဲ့ ဝမ္းတြင္းက ပ်ဴနဂါး အသ-တ္ခံရ
MFP ၊ စက္တင္ဘာ ၄
မႏၱေလးတိုင္း ဝမ္းတြင္းၿမိဳ႕နယ္ ခင္ႀကီး႐ြာက ပ်ဴေစာထီး သင္တန္းဆင္း ေဇာ္လြင္ေဌး(ခ) နဂါးဆိုသူဟာ ဒီေန႕မြန္းလြဲပိုင္းမွာ အသ-တ္ခံလိုက္ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
သူဟာ စစ္အုပ္စုကို လမ္းျပကူညီေပးတာ၊ ျပည္သူေတြကို ၿခိမ္းေျခာက္တာေတြအျပင္ အၾကမ္းဖက္စစ္တပ္ အားကိုးနဲ႕ လာသ-တ္မယ့္ PDF ေတြကို စစ္တပ္နဲ႕ ေထာင္ဖမ္းမယ္လို႔ ေႂကြးေၾကာ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ေဒသခံ လုပ္ငန္းရွင္ေတြဆီက ဆက္ေၾကးေကာက္တာ၊ ေလာင္းကစားဝိုင္းေတြ ဦးေဆာင္ျပဳလုပ္ေပးၿပီး မူးတဲ့အခါတိုင္း ရပ္႐ြာကို စိန္ေခၚဆဲဆိုေနသူျဖစ္တယ္လို႔ ေဒသခံေတြက ဆိုၾကပါတယ္။
ဒါေၾကာင့္ ဒီေန႕ စက္တင္ဘာ (၄)ရက္ မြန္းလြဲ သုံးနာရီခြဲအခ်ိန္ခန့္မွာ ခင္ႀကီး႐ြာနဲ႕ ခင္ဘန္း႐ြာၾကားလမ္းတစ္ေနရာမွာ ေသနတ္နဲ႕ (၁၁)ခ်က္ခန့္ အပစ္ခံရၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ Voice of Wundwin တာဝန္ရွိသူက ရွင္းျပပါတယ္။
ေဇာ္လြင္ေဌး(ခ) နဂါးဆိုသူကို အႀကိမ္ႀကိမ္ ေစာင့္ၾကည့္ေလ့လာေနေပမယ့္ ျပဳျပင္လာျခင္းမရွိဘဲ ဆက္လက္မိုက္မဲေနတာေၾကာင့္ လူယုတ္မာတို႔သြားရာလမ္းကို ေ႐ြးခ်ယ္သြားတာျဖစ္တယ္လို႔ ဝမ္းတြင္ၿမိဳ႕နယ္ေတာ္လွန္ေရးအင္အားစု(WTRF)က ထုတ္ျပန္ထားပါတယ္။