တစ်နိုင်ငံလုံး လျှပ်စစ်မီးများ မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်း နေရာ ၅ ခု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်၊ ဗိုလ်ချုပ်ဆွေမျိုးသားသမီး ကောင်းစားရေး ပရောဂျက်ဖန်တီး၍ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုဟု ရှုမြင်
ရန်ကုန်၊ စက်တင်ဘာ ၄
ဖက်ဆစ်မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံး လျှပ်စစ်မီးများ မှန်အောင် မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်းနိုင်သော နေရာ ၅ ခုကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။
လျှပ်စစ် ဓာတ်အားသွင်း နေရာ ၅ ခုကို အမှတ် ၃ လမ်းဆုံ၊ ဖြူး ၁၁၅ မိုင်၊ နေပြည်တော်စီလမ်းဆုံ၊ သီးကုန်း ယာဉ်ရပ်နားရာနေရာ၊ စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်မည်ဖြစ်ပြီး ကား ၅၀ စီး လျှပ် စစ်ဓာတ် အားသွင်းနိုင်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ သိရှိရသည်။
ရန်ကုန်စီးပွားရေးသမားကမူ လက်ရှိတွင် စက်မှုဇုန်နှင့် စက်ရုံများကို အလှည့်ကျ မီးပေးစနစ်ဖြင့်သာ ပေးနေပြီး လျှပ်စစ်လိုအပ်ချက်မှာ တစ်နိုင်ငံလုံးအတွက် မလောက်ငှကြောင်း၊ စစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်များက စီမံကိန်းနှင့် ပရောဂျက်များ ဖန်တီး၍ ဆွေမျိုး မိသားစုကောင်းစားရေး လုပ်ဆောင်မည့် လုပ်ရပ်ပင် ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ဖေ့ဘုတ်စ်မှာ မြင်ဖူးမှာပေါ့။ ရထားမရှိတဲ့ဘူတာ၊ မြက်တွေ ခြုံတွေ ထူနေတဲ့ ဘူတာ အဲဒီလို ပြည်သူ့ဘဏ္ဍာတွေ အလဟသ ဖြစ်သွားမယ့် ပရောဂျက်စီမံကိန်းတွေပေါ့။ ပရောဂျက် စီမံကိန်းရတဲ့သူက တော့ ပရောဂျက်ရအောင် ဆောက်လုပ်ပြီး ငွေထုပ်ပိုက်။ အသုံးမဝင်တော့ နောက်ဆုံးခြုံနွယ်ပိတ်ပေါင်း တွေ ထူထပ်သွားတာပါပဲ။ အခုတောင် ဖြေနေရင်း မီးပျက်နေတယ်။ ဘယ်လို လျှပ်စစ်ကား တွေ သုံးမလဲနော်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။
ရန်ကုန်မြို့နှင့်မြို့ကြီးများတွင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး မီးလုံလောက်အောင် မပေးနိုင်သည့်အတွက် တစ်နေ့လုံး၊ တစ်ညလုံး မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
Zawgyi(version)
တစ္နိုင္ငံလုံး လွ်ပ္စစ္မီးမ်ား မွန္ေအာင္မေပးနိုင္ေသာ္လည္း လွ်ပ္စစ္သုံးကား ၅၀ စီး တၿပိဳင္နက္တည္း အားသြင္း ေနရာ ၅ ခု ရန္ကုန္-မႏၱေလး အျမန္လမ္းတြင္ တည္ေဆာက္မည္၊ ဗိုလ္ခ်ဳပ္ေဆြမ်ိဳးသားသမီး ေကာင္းစားေရး ပေရာဂ်က္ဖန္တီး၍ ျပည္သူ႕ဘ႑ာ ျဖဳန္းတီးမႈဟု ရႈျမင္
ရန္ကုန္၊ စက္တင္ဘာ ၄
ဖက္ဆစ္မင္းေအာင္လွိုင္ ေခါင္းေဆာင္ေသာ အၾကမ္းဖက္စစ္ေကာင္စီက တစ္နိုင္ငံလုံး လွ်ပ္စစ္မီးမ်ား မွန္ေအာင္ မေပးနိုင္ေသာ္လည္း လွ်ပ္စစ္သုံးကား ၅၀ စီး တၿပိဳင္နက္တည္း အားသြင္းနိုင္ေသာ ေနရာ ၅ ခုကို ရန္ကုန္-မႏၱေလး အျမန္လမ္းတြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနထံမွ သိရွိရသည္။
လွ်ပ္စစ္ ဓာတ္အားသြင္း ေနရာ ၅ ခုကို အမွတ္ ၃ လမ္းဆုံ၊ ျဖဴး ၁၁၅ မိုင္၊ ေနျပည္ေတာ္စီလမ္းဆုံ၊ သီးကုန္း ယာဥ္ရပ္နားရာေနရာ၊ စကားအင္းလမ္းဆုံတို႔တြင္ တည္ေဆာက္မည္ျဖစ္ၿပီး ကား ၅၀ စီး လွ်ပ္ စစ္ဓာတ္ အားသြင္းနိုင္မည္ဟု လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာန၏ စာ႐ြက္စာတမ္းမ်ားအရ သိရွိရသည္။
ရန္ကုန္စီးပြားေရးသမားကမူ လက္ရွိတြင္ စက္မႈဇုန္ႏွင့္ စက္႐ုံမ်ားကို အလွည့္က် မီးေပးစနစ္ျဖင့္သာ ေပးေနၿပီး လွ်ပ္စစ္လိုအပ္ခ်က္မွာ တစ္နိုင္ငံလုံးအတြက္ မေလာက္ငွေၾကာင္း၊ စစ္ေခါင္းေဆာင္ႏွင့္ ဗိုလ္ခ်ဳပ္မ်ားက စီမံကိန္းႏွင့္ ပေရာဂ်က္မ်ား ဖန္တီး၍ ေဆြမ်ိဳး မိသားစုေကာင္းစားေရး လုပ္ေဆာင္မည့္ လုပ္ရပ္ပင္ ျဖစ္သည္ဟု ဆိုသည္။
က်ေနာ္တို႔ ေဖ့ဘုတ္စ္မွာ ျမင္ဖူးမွာေပါ့။ ရထားမရွိတဲ့ဘူတာ၊ ျမက္ေတြ ၿခဳံေတြ ထူေနတဲ့ ဘူတာ အဲဒီလို ျပည္သူ႕ဘ႑ာေတြ အလဟသ ျဖစ္သြားမယ့္ ပေရာဂ်က္စီမံကိန္းေတြေပါ့။ ပေရာဂ်က္ စီမံကိန္းရတဲ့သူက ေတာ့ ပေရာဂ်က္ရေအာင္ ေဆာက္လုပ္ၿပီး ေငြထုပ္ပိုက္။ အသုံးမဝင္ေတာ့ ေနာက္ဆုံးၿခဳံႏြယ္ပိတ္ေပါင္း ေတြ ထူထပ္သြားတာပါပဲ။ အခုေတာင္ ေျဖေနရင္း မီးပ်က္ေနတယ္။ ဘယ္လို လွ်ပ္စစ္ကား ေတြ သုံးမလဲေနာ္ ဟု ရန္ကုန္စီးပြားေရးသမားက ဆိုသည္။
ရန္ကုန္ၿမိဳ႕ႏွင့္ၿမိဳ႕ႀကီးမ်ားတြင္ ယခု စက္တင္ဘာလဆန္းပိုင္းမွစတင္ၿပီး မီးလုံေလာက္ေအာင္ မေပးနိုင္သည့္အတြက္ တစ္ေန႕လုံး၊ တစ္ညလုံး မီးျပတ္ေတာက္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။