တာဝန်ကျေခဲ့ပြီး ရဲဘော်😥…….see more

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDFမှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ် ၏ စျာပန ပြုလုပ်

သုည/People’s Spring

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) – B19 မှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ်၏ စျာပနအခမ်းအနားကို ယနေ့ (သြဂုတ် ၂၂) ပြုလုပ်ခဲ့သည်။

ရဲဘော်ဒေးဗစ်သည် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီးတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ဖယ်ဒရယ်ဒီမိုကရေစီအ​ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်ဒေးဗစ် အား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ကြောင်းလည်း KNDF -B19 က ထုတ်ပြန်ခဲ့သည်။

” ဒီမြင်ကွင်းကို ပြန်တွေးတိုင်းရင်ထဲဆို့နေတာပဲ။ နောက်ဆုံးခရီးမှာ မမြင်ရက်စရာဒဏ်ရာတွေကို မမြင်သာအောင် လုပ်ပေးတာကလွဲရင် ငါတို့တွေ တခြားမတတ်နိုင်ခဲ့ပါဘူး ရဲဘော်ရေ။ အေးအေးချမ်းချမ်း အနားယူပါ “ဟု ရဲဘော်တစ်ဦးက ကျဆုံးသူရဲကောင်း ဒေးဗစ်အတွက် ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံ – KNDF- B19

Zawgyi(version)

ဒီးေမာ့ဆိုတိုက္ပြဲတြင္ က်ဆဳံးခဲ့သည့္ KNDFမွ စနိုက္ပါတပ္သား ရဲေဘာ္ေဒးဗစ္ ၏ စ်ာပန ျပဳလုပ္

သုည/People’s Spring

ဒီးေမာ့ဆိုတိုက္ပြဲတြင္ က်ဆဳံးခဲ့သည့္ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) – B19 မွ စနိုက္ပါတပ္သား ရဲေဘာ္ေဒးဗစ္၏ စ်ာပနအခမ္းအနားကို ယေန႕ (ၾသဂုတ္ ၂၂) ျပဳလုပ္ခဲ့သည္။

ရဲေဘာ္ေဒးဗစ္သည္ ၿပီးခဲ့သည့္ ၾသဂုတ္ ၂၀ ရက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ ေျခေတာ္ရာဘုရားေတာင္အနီးတိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္ေကာင္စီကို ခုခံတိုက္ခိုက္ရင္း က်ဆဳံးခဲ့ရျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ယေန႕တြင္ ရဲေဘာ္ေဒးဗစ္၏ ႐ုပ္အေလာင္းကို မိသားစုဝင္မ်ား၊ တပ္ရင္း -၁၉ မွ ရဲေဘာ္ဝင္မ်ားက ေျမျမႇုပ္သၿဂိဳလ္ေပးခဲ့ျခင္း ျဖစ္သည္။

ဖယ္ဒရယ္ဒီမိုကေရစီအေရးအတြက္ အသက္ေပးတိုက္ပြဲဝင္ခဲ့ေသာ ရဲေဘာ္ေဒးဗစ္ အား အာဇာနည္ သူရဲေကာင္းအျဖစ္ မွတ္တမ္းတင္အေလးျပဳအပ္ေၾကာင္းလည္း KNDF -B19 က ထုတ္ျပန္ခဲ့သည္။

” ဒီျမင္ကြင္းကို ျပန္ေတြးတိုင္းရင္ထဲဆို႔ေနတာပဲ။ ေနာက္ဆုံးခရီးမွာ မျမင္ရက္စရာဒဏ္ရာေတြကို မျမင္သာေအာင္ လုပ္ေပးတာကလြဲရင္ ငါတို႔ေတြ တျခားမတတ္နိုင္ခဲ့ပါဘူး ရဲေဘာ္ေရ။ ေအးေအးခ်မ္းခ်မ္း အနားယူပါ “ဟု ရဲေဘာ္တစ္ဦးက က်ဆဳံးသူရဲေကာင္း ေဒးဗစ္အတြက္ ေရးသားေဖာ္ျပခဲ့သည္။

ဓာတ္ပုံ – KNDF- B19