ကျွန်တော် အန်တီစုနဲ့ တစ်ယောက်ချင်းစကားတစ်ခါပဲပြောဖူးပါတယ်။ နေပြည်တော်မှာလုပ်တဲ့ ရိုက်ကူးရေးနဲ့ပတ်သတ်တဲ့ အစည်းအဝေးတစ်ခုမှာပါ။ အစည်းဝေးပြီးတော့ သူ ကျွန်တော့်ကို မေးတယ်။ “ဘာကားတွေရိုက်လဲ”တဲ့။ ကျွန်တော်က “အခုတော့ အက်ရှင်ကားတွေပဲရိုက်ဖြစ်ပါတယ်” လို့ပြန်ဖြေလိုက်တယ်။
သူက ထပ်မေးတယ် ” အက်ရှင်ကားတွေက လူစိတ်ဝင်စားကြလား” တဲ့။ ကျွန်တော်ကလည်း အမှန်အတိုင်းပဲ “သိပ်တော့စိတ်မဝင်စားကြဘူး” လို့ဖြေလိုက်တယ်။ သူ ခဏလေးငြိမ်ပြီးစဉ်းစားသွားတယ်။ ပြီးတော့ ကျွန်တော့်ကို “ဒီက ရှမ်းသိုင်းတွေလည်း လှတယ်နော်” ဆိုပြီးပြောတယ်။ ပြီးတော့ ပြုံးပြပြီးထွက်သွားတယ်။
အဲဒီ့ ခဏလေးအတွင်းမှာ ကျွန်တော် သင်ခန်းစာယူစရာ ၃ ခုရလိုက်တယ်။ ပထမဆုံးတစ်ခုက စကားပြောတဲ့ အဲဒီ့ ခဏလေးအတွင်းမှာ သူကျွန်တော့်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကူညီစဉ်းစားပေးတယ်။ သူ့ဟာသူ “အော် … အင်း အင်း” ဆိုပြီးထွက်သွားလည်းရတာပဲ။ ဒါပေမယ့် မထွက်သွားပဲ ရသလောက် ကူစဉ်းစားပေးတယ်။ ဒါဟာ အန်တီ့ရဲ့ လူတစ်ယောက်ကို ကူညီချင်တဲ့ လူသားဆန်တဲ့ စိတ်ဓာတ်ကိုတွေ့ရတယ်။
နောက်တစ်ချက်က ရှမ်းတိုင်းရင်းသားတွေရဲ့ သိုင်းပညာကို ရုပ်ရှင်တွေမှာ Promote လုပ်စေချင်တဲ့စေတနာကိုတွေရတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတိုင်းကိုချစ်တဲ့စိတ် အချိန်ပြည့်ရှိနေမှ ဒီလိုစကားမျိုးထွက်လာနိုင်မှာပါ။
အချိန်ခဏလေးအတွင်းမှာ ငါတို့တိုင်းရင်းသားတွေရဲ့ သိုင်းပညာကိုလည်း promote လုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ကို ကျွန်တော့်ခေါင်းထဲထည့်သွားပေးခဲ့တယ်။ ကျွန်တော် တင်ထားတဲ့ပုံမှာပါတဲ့ ဆွဲကြိုးလေးက အလကားဝတ်ထားတာမဟုတ်ဘူး။ တိုင်းရင်းသားအားလုံးကို ချစ်တဲ့စိတ်နဲ့ဝတ်ထားတာလို့ ကျွန်တော်ယုံတယ်။
“” width=”296″ height=”300″ class=”alignnone size-full wp-image-1061″ />
နောက်ဆုံးတစ်ခုက သူ ကျွန်တော့်ကို စကားပြောသွားတဲ့ပုံစံပါ။ “ရှမ်းသိုင်းတွေလှတယ်။ ထည့်ရိုက်လေ” ဆိုပြီး ဆရာကြီးလေသံနဲ့ပြောသွားလည်းရတာပဲ။ အဲလိုမပြောဘူး။ “ရှမ်းသိုင်းတွေလည်းလှတယ်နော်” ဆိုပြီး တိုင်ပင်သလိုမျိုးလေး ပြောသွားတယ်။ သူ့လို တိုင်းပြည်ခေါင်းဆောင်တစ်ဦး ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဟာ ဘာကောင်မှမဟုတ်တဲ့ ကျွန်တော့်လိုလူတစ်ယောက်ကို ဆရာကြီးမလုပ်ပဲ respect နဲ့ဆက်ဆံပေးရှာတယ်။
မြန်မာနိုင်ငံမှာ လူကြီးတော်တော်များများဟာ နေရာလေးရလာရင် ဆရာကြီးလုပ်ချင်ကြတဲ့ အကျင့်ရှိတယ်။ အန်တီစုကတော့ အဲလိုလူကြီးတစ်ယောက် လုံးဝမဟုတ်ဘူးဆိုတာကို ကျွန်တော် မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။
အန်တီစု လိုလူတစ်ယောက်ကိုတော့ တန်ဖိုးထားတတ် စေချင်တယ်။ သူ့လောက်ချစ်ဖို့ကောင်းတဲ့၊ ပညာရှိတဲ့၊ တိုင်းပြည်ကိုချစ်တဲ့ အမျိုးသားရေးခေါင်းဆောင် တစ်ယောက် နောက်ထပ်ရှိဖို့ မလွယ်တော့ပါဘူး။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လေးတွေကိုပိုသိစေချင်တယ်။ သူရှိနေတုန်း သူ့ကိုချစ်ကြပါ၊ တန်ဖိုးထားကြပါ၊ ဂုဏ်ယူကြပါ လို့တိုက်တွန်းချင်ပါတယ်။
Zawgyi(version)
ကြၽန္ေတာ္ အန္တီစုနဲ႕ တစ္ေယာက္ခ်င္းစကားတစ္ခါပဲေျပာဖူးပါတယ္။ ေနျပည္ေတာ္မွာလုပ္တဲ့ ရိုက္ကူးေရးနဲ႕ပတ္သတ္တဲ့ အစည္းအေဝးတစ္ခုမွာပါ။ အစည္းေဝးၿပီးေတာ့ သူ ကြၽန္ေတာ့္ကို ေမးတယ္။ ဘာကားေတြရိုက္လဲတဲ့။ ကြၽန္ေတာ္က အခုေတာ့ အက္ရွင္ကားေတြပဲရိုက္ျဖစ္ပါတယ္ လို႔ျပန္ေျဖလိုက္တယ္။
သူက ထပ္ေမးတယ္ အက္ရွင္ကားေတြက လူစိတ္ဝင္စားၾကလား တဲ့။ ကြၽန္ေတာ္ကလည္း အမွန္အတိုင္းပဲ သိပ္ေတာ့စိတ္မဝင္စားၾကဘူး လို႔ေျဖလိုက္တယ္။ သူ ခဏေလးၿငိမ္ၿပီးစဥ္းစားသြားတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ဒီက ရွမ္းသိုင္းေတြလည္း လွတယ္ေနာ္ ဆိုၿပီးေျပာတယ္။ ၿပီးေတာ့ ၿပဳံးျပၿပီးထြက္သြားတယ္။
အဲဒီ့ ခဏေလးအတြင္းမွာ ကြၽန္ေတာ္ သင္ခန္းစာယူစရာ ၃ ခုရလိုက္တယ္။ ပထမဆုံးတစ္ခုက စကားေျပာတဲ့ အဲဒီ့ ခဏေလးအတြင္းမွာ သူကြၽန္ေတာ့္ျပႆနာကို ေျဖရွင္းနိုင္ဖို႔ ကူညီစဥ္းစားေပးတယ္။ သူ႕ဟာသူ ေအာ္ အင္း အင္း ဆိုၿပီးထြက္သြားလည္းရတာပဲ။ ဒါေပမယ့္ မထြက္သြားပဲ ရသေလာက္ ကူစဥ္းစားေပးတယ္။ ဒါဟာ အန္တီ့ရဲ႕ လူတစ္ေယာက္ကို ကူညီခ်င္တဲ့ လူသားဆန္တဲ့ စိတ္ဓာတ္ကိုေတြ႕ရတယ္။
ေနာက္တစ္ခ်က္က ရွမ္းတိုင္းရင္းသားေတြရဲ႕ သိုင္းပညာကို ႐ုပ္ရွင္ေတြမွာ Promote လုပ္ေစခ်င္တဲ့ေစတနာကိုေတြရတယ္။ ျမန္မာနိုင္ငံမွာရွိတဲ့ တိုင္းရင္းသားတိုင္းကိုခ်စ္တဲ့စိတ္ အခ်ိန္ျပည့္ရွိေနမွ ဒီလိုစကားမ်ိဳးထြက္လာနိုင္မွာပါ။
အခ်ိန္ခဏေလးအတြင္းမွာ ငါတို႔တိုင္းရင္းသားေတြရဲ႕ သိုင္းပညာကိုလည္း promote လုပ္ဖို႔ တာဝန္ရွိတယ္ဆိုတဲ့ အသိစိတ္ကို ကြၽန္ေတာ့္ေခါင္းထဲထည့္သြားေပးခဲ့တယ္။ ကြၽန္ေတာ္ တင္ထားတဲ့ပုံမွာပါတဲ့ ဆြဲႀကိဳးေလးက အလကားဝတ္ထားတာမဟုတ္ဘူး။ တိုင္းရင္းသားအားလုံးကို ခ်စ္တဲ့စိတ္နဲ႕ဝတ္ထားတာလို႔ ကြၽန္ေတာ္ယုံတယ္။
ေနာက္ဆုံးတစ္ခုက သူ ကြၽန္ေတာ့္ကို စကားေျပာသြားတဲ့ပုံစံပါ။ ရွမ္းသိုင္းေတြလွတယ္။ ထည့္ရိုက္ေလ ဆိုၿပီး ဆရာႀကီးေလသံနဲ႕ေျပာသြားလည္းရတာပဲ။ အဲလိုမေျပာဘူး။ ရွမ္းသိုင္းေတြလည္းလွတယ္ေနာ္ ဆိုၿပီး တိုင္ပင္သလိုမ်ိဳးေလး ေျပာသြားတယ္။ သူ႕လို တိုင္းျပည္ေခါင္းေဆာင္တစ္ဦး ၊ ကမၻာေက်ာ္ ပုဂၢိုလ္တစ္ဦးဟာ ဘာေကာင္မွမဟုတ္တဲ့ ကြၽန္ေတာ့္လိုလူတစ္ေယာက္ကို ဆရာႀကီးမလုပ္ပဲ respect နဲ႕ဆက္ဆံေပးရွာတယ္။
ျမန္မာနိုင္ငံမွာ လူႀကီးေတာ္ေတာ္မ်ားမ်ားဟာ ေနရာေလးရလာရင္ ဆရာႀကီးလုပ္ခ်င္ၾကတဲ့ အက်င့္ရွိတယ္။ အန္တီစုကေတာ့ အဲလိုလူႀကီးတစ္ေယာက္ လုံးဝမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ မ်က္ဝါးထင္ထင္ေတြ႕ခဲ့ရတယ္။
အန္တီစု လိုလူတစ္ေယာက္ကိုေတာ့ တန္ဖိုးထားတတ္ ေစခ်င္တယ္။ သူ႕ေလာက္ခ်စ္ဖို႔ေကာင္းတဲ့၊ ပညာရွိတဲ့၊ တိုင္းျပည္ကိုခ်စ္တဲ့ အမ်ိဳးသားေရးေခါင္းေဆာင္ တစ္ေယာက္ ေနာက္ထပ္ရွိဖို႔ မလြယ္ေတာ့ပါဘူး။ အထူးသျဖင့္ ဆယ္ေက်ာ္သက္လူငယ္ေလးေတြကိုပိုသိေစခ်င္တယ္။ သူရွိေနတုန္း သူ႕ကိုခ်စ္ၾကပါ၊ တန္ဖိုးထားၾကပါ၊ ဂုဏ္ယူၾကပါ လို႔တိုက္တြန္းခ်င္ပါတယ္။