တစ်ချို့က ပြန်မစုံနိုင်တော့ပေမယ့် တစ်ချို့ကိုတော့ ပြန်စုံချင်သေးတယ်”လွမ်းတယ်ရဲဘော်တို့…see more
“လွမ်းတယ်ရဲဘော်တို့…မင်းတို့ကိုလွမ်းတယ်”
ထမင်းကြမ်းကို ငါးနီတူလေးနှစ်ကောင်နဲ့ ဒယ်အိုးအဖုံးထဲ ထည့်ပြီး ခေါင်းချင်းဆိုင် လက်စုံစားခဲ့တဲ့အချိန်တွေ လွမ်းတယ်…
အိပ်စရာမရှိလို့ မီးလေးဖိုပြီး ချောင်းဘေးမှာ တာလဘက်တွေခင်းပြီးအိပ် ကင်းထိုးခံရတာတောင်အပြုံးမပျက်တဲ့ မင်းတို့ကိုလွမ်းတယ်…
ကြက်တစ်ကောင်လုံး တစ်ယောက်တည်းစားတဲ့ကောင်တွေ တောထဲရောက်တော့ အသားစားချင်လို့ မဖမ်းတတ်ဖမ်းတတ်နဲ့ ငါးဆင်းဖမ်းရင်း လက်ညှိုးလောက်ငါးလေးကို အတူတူ မျှစားခဲ့တဲ့အချိန်တွေလွမ်းတယ်…
မိုးအရမ်းသဲပြီး ချောင်းရေကြီးလို့ ဒုက္ခရောက်နေတဲ့သူတွေကို သူများတွေလိုထိုင်ရီမနေပဲ သက်စွန့်စံဖျား ကူညီကြတဲ့မင်းတို့ကိုလွမ်းတယ်…
တစ်ချို့က ပြန်မစုံနိုင်တော့ပေမယ့် တစ်ချို့ကိုတော့ ပြန်စုံချင်သေးတယ်……မင်းတို့ကို ငါလွမ်းတယ်…
Zawgyi(version)