သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ ‘နင့်မေဂေါက်ဂတ်ထဲမှာလို့’ ပြန်ပြောဖိုဘဲရှိတယ် ဆိုတဲ့ ပန်ဆယ်လို

သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ ‘နင့်မေဂေါက်ဂတ်ထဲမှာလို့’ ပြန်ပြောဖိုဘဲရှိတယ် ဆိုတဲ့ ပန်ဆယ်လို

ဘောမတွေက ငစားနော်။ မန္တလေးက ကျောက်မျက်သူဌေးကို ဖမ်းတဲ့ကိစ္စမှာ သတင်းထုတ်ပြန်တဲ့အထဲ ကိုယ့်နာမည်ကြီး ပါလာမှ ဟဲ့.. ပလုတ်တုတ်၊ ပါပြန်ပဟ ငါ့နာမည်လို့ ထဖြစ်တာ။

သိန်း၃၉၀၀ ကိုယ့်ကို ထောက်ပို့တယ်တဲ့။ အင်းလေ…. ကိုယ့်ကို ထောက်ပို့ဖူးတဲ့အထဲမှာ ဒီသူဌေးပါကောင်းပါမှာပေါ့။

ကိုယ့်ကို ထောက်ပို့နေတဲ့အထဲမှာ ငွေအမောင့်များများ လစဉ်ပို့ကြတဲ့သူတွေထဲမှာ သူပါကောင်းလည်း ပါမှာပေါ့။ ဒါပေမယ့် ဘယ်သူဌေးကြီးက မပန်ဆယ်လိုရေ… ကျွန်တော်ကတော့ မန်းရွှေမြို့တော်အခြေစိုက် ဘယ်ကုမ္ပဏီကြီးရဲ့ သူဌေးပါလို့ ပြောမတုန်း။ ကိုယ်ကရော ကိုယ့်ဆီထောက်ပို့သူကို ရှင် ဘယ်သူတုန်းလို့ မေးမတုန်း။

ပြီးတော့ ဒါက စစ်ခွေးတွေ ဒီသူဌေးရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျပြီး ပစ္စည်းတွေ သိမ်းချင်လို့ တမင်အကြောင်းရှာတာပဲ ဖြစ်ဖို့များတယ်။ ကိုယ့်ဆီတော့ ရော့… သိန်း၃၉၀၀ လို့ ပို့ဖူးသူ တစ်ယောက်မှ မရှိဘူး။

ထားပါ… ရယ်ချင်တာက ဘောမရပ်ကွက်က မမြင်ဖူး မတွေ့ဖူးလေးတွေက ဟာ… သိန်း၃၉၀၀ဟဆိုပြီး မျက်လုံးတွေ အရောင်ထွက်ပြီး စာရင်းလာစစ်ကြတော့တာပဲ။ ဘယ်မှာလဲသိန်း၃၉၀၀ တဲ့။

အမေးဇင်းနော်… ဒီလောက် ကြေညာပေးနေတာ။ တော်လှန်ရေးကာလတောက်လျှောက်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့တာ အမေရိကန်ဒေါ်လာ ၆သန်းအောက်ထစ်ရှိပြီဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့တကွ တင်ပြထားပြီးသား။

ဘောမတွေက မြန်မာငွေတောင် တစ်နဲ့ တစ်ပေါင်းရင် ဒစ်လည်နေတဲ့ဟာတွေဆိုတော့ တွက်ပြဦးမယ်။ ဒေါ်လာ၆သန်းဆိုတာ မြန်မာငွေနဲ့တွက်ရင် ဘယ်လောက်လဲဆိုတော့….ဒေါ်လာစျေး ၂၈၀၀တွေ ၃၀၀၀ တွေထားဦးကွာ။ ၂၅၀၀ နဲ့ပဲတွက်။ ဒေါ်လာတစ်သိန်းဆို သိန်း၂၅၀၀။

ဒေါ်လာတစ်သန်းဆို သိန်းနှစ်သောင်းခွဲ။ ဒေါ်လာခြောက်သန်းဆိုတော့ တစ်သိန်းခွဲကွာ။ ခြေရော လက်ရော ထောင်ပြီး ပေါင်းစမ်း။သိန်းပေါင်း တစ်သိန်းခွဲ သက်သေသာဓကနဲ့တကွ ရှာပြထားသူကို မြန်မာငွေ သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ နင်မေဂေါက်ဂတ်ထဲမှာလို့ ပြောလွှတ်ဖို့ပဲ ကျန်တော့တယ်။

ပြေးနှိုက်ကြပစေ… ဟုတ်တယ်။
😒

Zawgyi(version)

သိန္း၃၉၀၀ ဘယ္မွာလဲဆိုေတာ့ နင့္ေမေဂါက္ဂတ္ထဲမွာလို႔ ျပန္ေျပာဖိုဘဲရွိတယ္ ဆိုတဲ့ ပန္ဆယ္လို

ေဘာမေတြက ငစားေနာ္။ မႏၱေလးက ေက်ာက္မ်က္သူေဌးကို ဖမ္းတဲ့ကိစၥမွာ သတင္းထုတ္ျပန္တဲ့အထဲ ကိုယ့္နာမည္ႀကီး ပါလာမွ ဟဲ့.. ပလုတ္တုတ္၊ ပါျပန္ပဟ ငါ့နာမည္လို႔ ထျဖစ္တာ။

သိန္း၃၉၀၀ ကိုယ့္ကို ေထာက္ပို႔တယ္တဲ့။ အင္းေလ. ကိုယ့္ကို ေထာက္ပို႔ဖူးတဲ့အထဲမွာ ဒီသူေဌးပါေကာင္းပါမွာေပါ့။

ကိုယ့္ကို ေထာက္ပို႔ေနတဲ့အထဲမွာ ေငြအေမာင့္မ်ားမ်ား လစဥ္ပို႔ၾကတဲ့သူေတြထဲမွာ သူပါေကာင္းလည္း ပါမွာေပါ့။ ဒါေပမယ့္ ဘယ္သူေဌးႀကီးက မပန္ဆယ္လိုေရ ကြၽန္ေတာ္ကေတာ့ မန္းေ႐ႊၿမိဳ႕ေတာ္အေျခစိုက္ ဘယ္ကုမၸဏီႀကီးရဲ႕ သူေဌးပါလို႔ ေျပာမတုန္း။ ကိုယ္ကေရာ ကိုယ့္ဆီေထာက္ပို႔သူကို ရွင္ ဘယ္သူတုန္းလို႔ ေမးမတုန္း။

ၿပီးေတာ့ ဒါက စစ္ေခြးေတြ ဒီသူေဌးရဲ႕ ပိုင္ဆိုင္မႈေတြကို မ်က္စိက်ၿပီး ပစၥည္းေတြ သိမ္းခ်င္လို႔ တမင္အေၾကာင္းရွာတာပဲ ျဖစ္ဖို႔မ်ားတယ္။ ကိုယ့္ဆီေတာ့ ေရာ့ သိန္း၃၉၀၀ လို႔ ပို႔ဖူးသူ တစ္ေယာက္မွ မရွိဘူး။

ထားပါ ရယ္ခ်င္တာက ေဘာမရပ္ကြက္က မျမင္ဖူး မေတြ႕ဖူးေလးေတြက ဟာ သိန္း၃၉၀၀ဟဆိုၿပီး မ်က္လုံးေတြ အေရာင္ထြက္ၿပီး စာရင္းလာစစ္ၾကေတာ့တာပဲ။ ဘယ္မွာလဲသိန္း၃၉၀၀ တဲ့။

အေမးဇင္းေနာ္ ဒီေလာက္ ေၾကညာေပးေနတာ။ ေတာ္လွန္ေရးကာလေတာက္ေလွ်ာက္မွာ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြရွာေပးခဲ့တာ အေမရိကန္ေဒၚလာ ၆သန္းေအာက္ထစ္ရွိၿပီျဖစ္ေၾကာင္း သက္ေသအေထာက္အထားေတြနဲ႕တကြ တင္ျပထားၿပီးသား။

ေဘာမေတြက ျမန္မာေငြေတာင္ တစ္နဲ႕ တစ္ေပါင္းရင္ ဒစ္လည္ေနတဲ့ဟာေတြဆိုေတာ့ တြက္ျပဦးမယ္။ ေဒၚလာ၆သန္းဆိုတာ ျမန္မာေငြနဲ႕တြက္ရင္ ဘယ္ေလာက္လဲဆိုေတာ့.ေဒၚလာေစ်း ၂၈၀၀ေတြ ၃၀၀၀ ေတြထားဦးကြာ။ ၂၅၀၀ နဲ႕ပဲတြက္။ ေဒၚလာတစ္သိန္းဆို သိန္း၂၅၀၀။

ေဒၚလာတစ္သန္းဆို သိန္းႏွစ္ေသာင္းခြဲ။ ေဒၚလာေျခာက္သန္းဆိုေတာ့ တစ္သိန္းခြဲကြာ။ ေျခေရာ လက္ေရာ ေထာင္ၿပီး ေပါင္းစမ္း။သိန္းေပါင္း တစ္သိန္းခြဲ သက္ေသသာဓကနဲ႕တကြ ရွာျပထားသူကို ျမန္မာေငြ သိန္း၃၉၀၀ ဘယ္မွာလဲဆိုေတာ့ နင္ေမေဂါက္ဂတ္ထဲမွာလို႔ ေျပာလႊတ္ဖို႔ပဲ က်န္ေတာ့တယ္။

ေျပးႏွိုက္ၾကပေစ ဟုတ္တယ္။
😒