မောင်းပြန်သေနတ်ထုတ်လုပ်အောင်မြင်ပြီလို့ နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန် (ရုပ်သံ)
လူငယ့်ခေတ်
စက်တင်ဘာ ၄
လက်လုပ် မောင်းပြန်သေနတ် ကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်နယ်က နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့ က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လက်လုပ် မောင်းပြန်သေနတ်ကို M4သေနတ် ဒီဇိုင်း နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ထုတ်လုပ်မှုတန်ဖိုးအနေနဲ့ တစ်လက်ကို ဆယ်သိန်းနီးပါး ရှိတယ်လို့ နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့ က ဗိုလ်စံဖဲက လူငယ့်ခေတ်ကို ပြောပါတယ်။
မောင်းပြန်သေနတ်တွေ ထပ်ပြီး ထုတ်လုပ်ဖို့အတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ပါဝင်ကူညီပေးကြဖို့ နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့ က မေတ္တာရပ်ခံထားပြီး မဟာမိတ်တပ်ဖွဲ့တွေကိုလဲ လက်နက်ထုတ်လုပ်ရာမှာ ကူညီပေးဖို့ ကြိုးစားနေတယ်လို့လဲ ဗိုလ်စံဖဲက လူငယ့်ခေတ်ကို ပြောပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Video-နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့
Zawgyi(version)
လူငယ့်ခေတ်
စက်တင်ဘာ ၎