ကျသင့်သလောက် ဒိုက်ထိုးပြီး လိုတာယူစား လို့ရတဲ့ “ရဲဘော်ကြီးဈေးဆိုင်” (ကြည်နူးစရာလေး)
3 Sep 2022 By MPA 001
ဒိုက်ထိုးပြီး ကြိုက်တာစား၊ လိုတာယူ လို့ရသည့် “ရဲဘော်ကြီးဈေးဆိုင်”ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-နေပြည်တော်အတွင်း ဖွင့်လှစ်ထားကြောင်း နေပြည်တော်ပကဖ ဒုတာဝန်ခံ ကိုနောင်ချိုက ပြောသည်။
အထက်ပါ “ရဲဘော်ကြီး ဈေးဆိုင်”ကို ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်လောက်မှစတင်ပြီး ရဲဘော်တူးတူးမှ စတင်ဖွင့်လှစ်ကာ နေကြာစေ့၊ အချဉ်ပေါင်း၊ ကိတ်ခြောက်၊
ကိတ်မုန့်စသည့် မုန့်အမျိုးပေါင်း ၁၅ မျိုးနှင့် ကော်ဖီမစ်၊ ခေါက်ဆွဲပြုတ်တို့အပြင် ဆေးလိပ်၊ကွမ်းယာတို့ကို ဒိုက်ထိုးပြီး ရယူနိုင်ကြောင်း နေပြည်တော်ပကဖ ဒုတာဝန်ခံ ကိုနောင်ချိုက ရှင်းပြသည်။
“သူတို့တွေကို ကန့်သတ်ထားတာမရှိဘူး။ သူတို့ အသိစိတ်နဲ့ပဲ လိုအပ်တာထက်တော့ ပိုမယူကြပါဘူး။ ဆေးလိပ်နဲ့ ကွမ်းယာယူမယ်ဆိုရင်တော့ ဒိုက် ၃၀ သတ်မှတ်ပေးထားတယ်။
၂၀ ဝန်းကျင် ရဲဘော်တွေကတော့ မုန့်ပိုစားကြတာပေါ့”ဟု နေပြည်တော်ပကဖ ဒုတာဝန်ခံ ကိုနောင်ချိုက ရှင်းပြသည်။
“ရဲဘော်ကြီးဈေးဆိုင်”သည် စခန်းအတွင်းမှ အပြင်ထွက်ကာ မုန့်ဝယ်နေရသည့် ရဲဘော်များကို စခန်းအတွင်းဝယ်ယူနိုင်ရန်ဖြစ်ပြီး စခန်းလုံခြုံရေးနှင့် ရဲဘော်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ပြောသည်။
“စခန်းမှာ ရဲဘော်တွေ အနေများလာတာပေါ့။ နောက် တစ်ခုကျ ဆေးလိပ်သောက်ချင်တဲ့သူက ဒိုက်ထိုးရတော့ မောပြီး ချက်ချင်းမသောက်နိုင်တော့ဘူး။ အဲ့ဒီတော့ သိမ်းထားဖြစ်တယ်။
ဆေးလိပ်သောက်နှုန်းလျော့သွားတာပေါ့။ သူတို့လိုချင်တာအတွက် စိတ်ပါလက်ပါ ဒိုက်ထိုးတော့ ကိုယ်ခန္ဓာလည်းကြံ့ခိုင်လာပြီး ကျန်းမာရေးကောင်းတာပေါ့”ဟု နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ရှင်းပြသည်။
“ရဲဘော်ကြီး ဈေးဆိုင်”ကို နေပြည်တော်ပကဖ၏ ဟောခန်း(အလေးပြုသည့်နေရာ)တွင် ဖွင့်လှစ်ထားပြီး စခန်းအတွင်းရှိ ရဲဘော်များလည်း စိတ်ပျော်ရွှင်ကာ ယင်းဆိုင်လေးအပေါ် သဘောကျကျေနပ်မှုရှိကြပြီး
ပစ္စည်းပြတ်လပ်သွားသည့်အခါတွင်လည်း နေပြည် တော်ပကဖအား လှူဒါန်းနေသည့် ပြည်သူများမှ ဝယ်ဖြည့်ပေးကြကြောင်း နေပြည်တော်ပကဖ ဒုတာဝန်ခံ ကိုနောင်ချိုက ရှင်းပြသည်။
“ဘယ်ရာထူး ဖြစ်ဖြစ် ဒိုက်ထိုးရပါတယ်။ ကျွန်တော်တို့လည်း မုန့်စားချင်လို့တော့ မဟုတ်ဘူး။ သူတို့နဲ့ အတူပဲဆိုတာမျိုး ဖြစ်ချင်လို့ မုန့်စားရင်း ဒိုက်ထိုးဖြစ်ပါတယ်။ သူတို့လည်း ပျော်ကြတာပေါ့ဗျာ။
ကျွန်တော်တို့က တရားမျှတမှုအတွက် တော်လှန်ကြသူတွေပဲ တာဝန်သာ ကွဲသွားတာပါ။ တန်ဖိုးက အတူတူပဲ ဆိုတာ ခံယူထားကြတယ်။ ရာထူးက အဓိက မဟုတ်ပါဘူး။ ကွမ်းယာကတော့ ကိုယ့်ဟာကို ယာစားရတာပေါ့”ဟု ကိုနောင်ချိုမှ ပြောသည်။
လက်ရှိ “ရဲဘော်ကြီး”ဈေးဆိုင်လေးအတွင်း ကော်ဖီမစ်နှင့် ခေါက်ဆွဲပြုတ်များထိုင်စားနိုင်ရန် ခြောက်ယောက်ထိုင် ဝါးကုလားထိုင် နှစ်လုံးနှင့် ဝါးခုံတန်းရှည်တစ်လုံး ပြုလုပ်ထားပြီး မုန့်လာဝယ်ရင်း စကားပြောဆိုသူများ၊ ဒိုက်ထိုးသူများဖြင့် စည်ကားနေကြောင်း MPA မှ စုံစမ်းသိရသည်။
https://mpapress.com/en
Photo – MPA
ပုံစာ- ရဲဘော်ကြီးဈေးဆိုင်တွင် ဒိုက်ထိုးရင်းရရှိနိုင်မည့် စားစရာများနှင့် ဒိုက်နှင့်ရှင်းကြသူများအားတွေ့ရစဉ်။
Zawgyi(version)
က်သင့္သေလာက္ ဒိုက္ထိုးၿပီး လိုတာယူစား လို႔ရတဲ့ ရဲေဘာ္ႀကီးေဈးဆိုင္ (ၾကည္ႏူးစရာေလး)
3 Sep 2022 By MPA 001
ဒိုက္ထိုးၿပီး ႀကိဳက္တာစား၊ လိုတာယူ လို႔ရသည့္ ရဲေဘာ္ႀကီးေဈးဆိုင္ကို ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕-ေနျပည္ေတာ္အတြင္း ဖြင့္လွစ္ထားေၾကာင္း ေနျပည္ေတာ္ပကဖ ဒုတာဝန္ခံ ကိုေနာင္ခ်ိဳက ေျပာသည္။
အထက္ပါ ရဲေဘာ္ႀကီး ေဈးဆိုင္ကို ၿပီးခဲ့သည့္ ဩဂုတ္လ ဒုတိယပတ္ေလာက္မွစတင္ၿပီး ရဲေဘာ္တူးတူးမွ စတင္ဖြင့္လွစ္ကာ ေနၾကာေစ့၊ အခ်ဥ္ေပါင္း၊ ကိတ္ေျခာက္၊
ကိတ္မုန႔္စသည့္ မုန႔္အမ်ိဳးေပါင္း ၁၅ မ်ိဳးႏွင့္ ေကာ္ဖီမစ္၊ ေခါက္ဆြဲျပဳတ္တို႔အျပင္ ေဆးလိပ္၊ကြမ္းယာတို႔ကို ဒိုက္ထိုးၿပီး ရယူနိုင္ေၾကာင္း ေနျပည္ေတာ္ပကဖ ဒုတာဝန္ခံ ကိုေနာင္ခ်ိဳက ရွင္းျပသည္။
သူတို႔ေတြကို ကန႔္သတ္ထားတာမရွိဘူး။ သူတို႔ အသိစိတ္နဲ႕ပဲ လိုအပ္တာထက္ေတာ့ ပိုမယူၾကပါဘူး။ ေဆးလိပ္နဲ႕ ကြမ္းယာယူမယ္ဆိုရင္ေတာ့ ဒိုက္ ၃၀ သတ္မွတ္ေပးထားတယ္။
၂၀ ဝန္းက်င္ ရဲေဘာ္ေတြကေတာ့ မုန႔္ပိုစားၾကတာေပါ့ဟု ေနျပည္ေတာ္ပကဖ ဒုတာဝန္ခံ ကိုေနာင္ခ်ိဳက ရွင္းျပသည္။
ရဲေဘာ္ႀကီးေဈးဆိုင္သည္ စခန္းအတြင္းမွ အျပင္ထြက္ကာ မုန႔္ဝယ္ေနရသည့္ ရဲေဘာ္မ်ားကို စခန္းအတြင္းဝယ္ယူနိုင္ရန္ျဖစ္ၿပီး စခန္းလုံၿခဳံေရးႏွင့္ ရဲေဘာ္မ်ား၏ ကိုယ္ခႏၶာႀကံ့ခိုင္ေစရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ေနျပည္ေတာ္ ပကဖ စစ္ေရးတာဝန္ခံ ဗိုလ္ေတဇက ေျပာသည္။
စခန္းမွာ ရဲေဘာ္ေတြ အေနမ်ားလာတာေပါ့။ ေနာက္ တစ္ခုက် ေဆးလိပ္ေသာက္ခ်င္တဲ့သူက ဒိုက္ထိုးရေတာ့ ေမာၿပီး ခ်က္ခ်င္းမေသာက္နိုင္ေတာ့ဘူး။ အဲ့ဒီေတာ့ သိမ္းထားျဖစ္တယ္။
ေဆးလိပ္ေသာက္ႏႈန္းေလ်ာ့သြားတာေပါ့။ သူတို႔လိုခ်င္တာအတြက္ စိတ္ပါလက္ပါ ဒိုက္ထိုးေတာ့ ကိုယ္ခႏၶာလည္းႀကံ့ခိုင္လာၿပီး က်န္းမာေရးေကာင္းတာေပါ့ဟု ေနျပည္ေတာ္ ပကဖ စစ္ေရးတာဝန္ခံ ဗိုလ္ေတဇက ရွင္းျပသည္။
ရဲေဘာ္ႀကီး ေဈးဆိုင္ကို ေနျပည္ေတာ္ပကဖ၏ ေဟာခန္း(အေလးျပဳသည့္ေနရာ)တြင္ ဖြင့္လွစ္ထားၿပီး စခန္းအတြင္းရွိ ရဲေဘာ္မ်ားလည္း စိတ္ေပ်ာ္႐ႊင္ကာ ယင္းဆိုင္ေလးအေပၚ သေဘာက်ေက်နပ္မႈရွိၾကၿပီး
ပစၥည္းျပတ္လပ္သြားသည့္အခါတြင္လည္း ေနျပည္ ေတာ္ပကဖအား လႉဒါန္းေနသည့္ ျပည္သူမ်ားမွ ဝယ္ျဖည့္ေပးၾကေၾကာင္း ေနျပည္ေတာ္ပကဖ ဒုတာဝန္ခံ ကိုေနာင္ခ်ိဳက ရွင္းျပသည္။
ဘယ္ရာထူး ျဖစ္ျဖစ္ ဒိုက္ထိုးရပါတယ္။ ကြၽန္ေတာ္တို႔လည္း မုန႔္စားခ်င္လို႔ေတာ့ မဟုတ္ဘူး။ သူတို႔နဲ႕ အတူပဲဆိုတာမ်ိဳး ျဖစ္ခ်င္လို႔ မုန႔္စားရင္း ဒိုက္ထိုးျဖစ္ပါတယ္။ သူတို႔လည္း ေပ်ာ္ၾကတာေပါ့ဗ်ာ။
ကြၽန္ေတာ္တို႔က တရားမွ်တမႈအတြက္ ေတာ္လွန္ၾကသူေတြပဲ တာဝန္သာ ကြဲသြားတာပါ။ တန္ဖိုးက အတူတူပဲ ဆိုတာ ခံယူထားၾကတယ္။ ရာထူးက အဓိက မဟုတ္ပါဘူး။ ကြမ္းယာကေတာ့ ကိုယ့္ဟာကို ယာစားရတာေပါ့ဟု ကိုေနာင္ခ်ိဳမွ ေျပာသည္။
လက္ရွိ ရဲေဘာ္ႀကီးေဈးဆိုင္ေလးအတြင္း ေကာ္ဖီမစ္ႏွင့္ ေခါက္ဆြဲျပဳတ္မ်ားထိုင္စားနိုင္ရန္ ေျခာက္ေယာက္ထိုင္ ဝါးကုလားထိုင္ ႏွစ္လုံးႏွင့္ ဝါးခုံတန္းရွည္တစ္လုံး ျပဳလုပ္ထားၿပီး မုန႔္လာဝယ္ရင္း စကားေျပာဆိုသူမ်ား၊ ဒိုက္ထိုးသူမ်ားျဖင့္ စည္ကားေနေၾကာင္း MPA မွ စုံစမ္းသိရသည္။
https://mpapress.com/en
Photo MPA
ပုံစာ- ရဲေဘာ္ႀကီးေဈးဆိုင္တြင္ ဒိုက္ထိုးရင္းရရွိနိုင္မည့္ စားစရာမ်ားႏွင့္ ဒိုက္ႏွင့္ရွင္းၾကသူမ်ားအားေတြ႕ရစဥ္။