အနုပညာရှင်များစုပေါင်း၍ မော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးရန် တိုင်စာဖွင့်တောင်းဆိုနေ

အနုပညာရှင်များစုပေါင်း၍ မော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးရန် တိုင်စာဖွင့်တောင်းဆိုနေ

အနုပညာရှင်ဟု မ‌ခေါ်ထိုက်သော အနုပညာရှင်များစုပေါင်း၍ သရုပ်ဆောင်မင်းမော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးဖို့ တိုင်စာဖွင့်တောင်းဆိုနေ
Ref#myanmarcelebritytvclub

သို့
ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း) အား အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားခြင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိလူကြီးမင်းများ

ကျွန်တော်/ကျွန်မတို့.. အနုပညာရှင်များအနေဖြင့် . ဩစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်ဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း)နှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ အားလုံးသို့ အသိပေးတိုင်ကြားလိုပါသည်။

တိုင်ကြားလိုသည့် အဓိကအကြောင်းအရာမှာ ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း) သည် ပုံမှန်အခြေအနေကဲ့သို့ မနေထိုင်ရန်ဟု အကြောင်းပြ၍ မြန်မာနိုင်ငံမှ အနုပညာရှင် အသိုင်းအဝိုင်းကို အနုပညာလုပ်ငန်းများ မဆောင်ရွက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်အကြပ်ကိုင် နှောင့်ယှက်လျက်ရှိပါသည်။

ယခုမြန်မာနိုင်ငံနေရာတစ်ချို့တွင် စကစတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားနေပြီး PDF တို့၏ အရပ်သားများကို သတ်ဖြတ်မှုများဗုံးခွဲမှုများရှိနေ သကဲ့သို့၊ … ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများ အဆမတန် ကြီးမြင့်နေသဖြင့် ကျွန်တော်/ကျွန်မတို့ အနုပညာရှင်များအပါအဝင် ပြည်သူများမှာ မိသားစု တစ်နေ့တာ လောက်ငှရန် ကြိုးစားရုန်းကန်နေကြရသည့် အခြေအနေဖြစ်ပါသည်။

ယခုလိုအချိန်မျိုးတွင် ဩစတြေးလျတွင်မိသားစုလိုက် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိနေပြီး တော်လှန်ရေး အကြောင်းပြကာ အလှူခံစားနေသည့် ကျော်ကျော် ဌေးလွင်မှ မြန်မာနိုင်ငံမှအခြေအနေအား နားမလည်ဘဲ အနုပညာရှင်များအား ပုံမှန် လုပ်ငန်းများ ဆောင်ရွက်ပါက PDF များကို သတ်ဖြတ်ခိုင်းမည်ဟု စာပို့၍လည်းကောင်း၊ လူမှုကွန်ရက်မှလည်းကောင်း ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိပါသည်။

ကျော်ကျော်ာ်ဌေးလွင်အနေဖြင့် အနုပညာလုပ်ငန်းများနှင့် ကင်းကွာနေသည်မှာလည်း ကြာမြင့်ပြီဖြစ်ပြီး သောင်းကျန်းသူများဖွင့်လှစ်သည့် လူသတ်/ဗုံးခွဲသင်တန်းများ တက်ရောက်ခဲ့ခြင်း၊ အကြမ်းဖက်မှုများဖြစ်ပွားရန် အားပေးလှုံ့ဆော်ခြင်း၊ အလှူငွေ ကောက်ခံခြင်းနှင့် အရပ်သားများကိုအကြောင်းမဲ့သတ်နေသည့် မြို့ပြ PDF များကို စေခိုင်း ထောက်ပံ့နေသူဖြစ်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အရေးယူ ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဝရမ်းပြေးတစ်ဦးလည်းဖြစ် ပါသည်။

အနုပညာရှင်များအနေဖြင့် ကျော်ကျော်ဌေးလွင်ကို ချစ်ခင်လေးစားပြီး ကြောက်ရွံ့ခြင်း မရှိသော်လည်း ၎င်း၏စေခိုင်းချက်အရ PDF များ လာသတ်မည်ကို စိုးရိမ်ကြောက်ရွံ့နေ ကြပါသည်။

ထို့ကြောင့် အနုပညာရှင်တစ်ချို့မှာ ၎င်းတို့၏ အနုပညာလုပ်ငန်းများကို မလုပ်ရဲခြင်း၊ ရပ်ပစ်ရခြင်းများ ရှိနေသည့်အတွက် စားဝတ်နေရေးကျပ်တည်းပြီး အတိဒုက္ခရောက်နေရပါသည်။

ထို့ကြောင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများအနေဖြင့် ကျော်ကျော်ဌေးလွင် ၏ အနုပညာရှင်များကို ခြိမ်းခြောက်နေမှုများနှင့် အရပ်သားများအား သတ်ဖြတ်ရန် လှုံ့ဆော်ကာ အလှူငွေကောက်ခံနေမှုများကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် အားကိုးယုံကြည်စွာဖြင့် တိုင်ကြားအပ်ပါသည်။

မြန်မာနိုင်ငံမှ အနုပညာရှင်များ

(အသက်အန္တရာယ်စိုးရိမ်ရပါသဖြင့် အနုပညာရှင်များ၏အမည်ကို မဖော်ပြနိုင်ခြင်းအား နားလည်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။)

Zawgyi(version)

အႏုပညာရွင္မ်ားစုေပါင္း၍ ေမာ္ကြန္းအား စစ္ေကာင္စီမွ အေရးယူေပးရန္ တိုင္စာဖြင့္ေတာင္းဆိုေန

အႏုပညာရွင္ဟု မေခၚထိုက္ေသာ အႏုပညာရွင္မ်ားစုေပါင္း၍ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းအား စစ္ေကာင္စီမွ အေရးယူေပးဖို႔ တိုင္စာဖြင့္ေတာင္းဆိုေန
Ref#myanmarcelebritytvclub

သို႔
႐ုပ္ရွင္သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ေဌးလြင္ (မင္းေမာ္ကြန္း) အား အေရးယူေဆာင္႐ြက္ေပးနိုင္ပါရန္ တိုင္ၾကားျခင္း

ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိလူႀကီးမင္းမ်ား

ကြၽန္ေတာ္/ကြၽန္မတို႔.. အႏုပညာရွင္မ်ားအေနျဖင့္ . ဩစေၾတးလ်နိဳင္ငံတြင္ ခိုလႈံခြင့္ျဖင့္ ေရာက္ရွိေနသည့္ ျမန္မာနိုင္ငံမွ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ေဌးလြင္ (မင္းေမာ္ကြန္း)ႏွင့္ ပတ္သက္၍ ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူမ်ား အားလုံးသို႔ အသိေပးတိုင္ၾကားလိုပါသည္။

တိုင္ၾကားလိုသည့္ အဓိကအေၾကာင္းအရာမွာ ေက်ာ္ေက်ာ္ေဌးလြင္ (မင္းေမာ္ကြန္း) သည္ ပုံမွန္အေျခအေနကဲ့သို႔ မေနထိုင္ရန္ဟု အေၾကာင္းျပ၍ ျမန္မာနိုင္ငံမွ အႏုပညာရွင္ အသိုင္းအဝိုင္းကို အႏုပညာလုပ္ငန္းမ်ား မေဆာင္႐ြက္နိုင္ရန္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ၿခိမ္းေျခာက္အၾကပ္ကိုင္ ႏွောင့္ယွက္လ်က္ရွိပါသည္။

ယခုျမန္မာနိုင္ငံေနရာတစ္ခ်ိဳ႕တြင္ စကစတပ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ား တိုက္ပြဲျဖစ္ပြားေနၿပီး PDF တို႔၏ အရပ္သားမ်ားကို သတ္ျဖတ္မႈမ်ားဗုံးခြဲမႈမ်ားရွိေန သကဲ့သို႔၊ ကုန္ေဈးႏႈန္းႏွင့္ စက္သုံးဆီေဈးမ်ား အဆမတန္ ႀကီးျမင့္ေနသျဖင့္ ကြၽန္ေတာ္/ကြၽန္မတို႔ အႏုပညာရွင္မ်ားအပါအဝင္ ျပည္သူမ်ားမွာ မိသားစု တစ္ေန႕တာ ေလာက္ငွရန္ ႀကိဳးစား႐ုန္းကန္ေနၾကရသည့္ အေျခအေနျဖစ္ပါသည္။

ယခုလိုအခ်ိန္မ်ိဳးတြင္ ဩစေၾတးလ်တြင္မိသားစုလိုက္ နိုင္ငံေရးခိုလႈံခြင့္ျဖင့္ ေရာက္ရွိေနၿပီး ေတာ္လွန္ေရး အေၾကာင္းျပကာ အလႉခံစားေနသည့္ ေက်ာ္ေက်ာ္ ေဌးလြင္မွ ျမန္မာနိုင္ငံမွအေျခအေနအား နားမလည္ဘဲ အႏုပညာရွင္မ်ားအား ပုံမွန္ လုပ္ငန္းမ်ား ေဆာင္႐ြက္ပါက PDF မ်ားကို သတ္ျဖတ္ခိုင္းမည္ဟု စာပို႔၍လည္းေကာင္း၊ လူမႈကြန္ရက္မွလည္းေကာင္း ၿခိမ္းေျခာက္အၾကပ္ကိုင္လ်က္ရွိပါသည္။

ေက်ာ္ေက်ာ္ာ္ေဌးလြင္အေနျဖင့္ အႏုပညာလုပ္ငန္းမ်ားႏွင့္ ကင္းကြာေနသည္မွာလည္း ၾကာျမင့္ၿပီျဖစ္ၿပီး ေသာင္းက်န္းသူမ်ားဖြင့္လွစ္သည့္ လူသတ္/ဗုံးခြဲသင္တန္းမ်ား တက္ေရာက္ခဲ့ျခင္း၊ အၾကမ္းဖက္မႈမ်ားျဖစ္ပြားရန္ အားေပးလႈံ႕ေဆာ္ျခင္း၊ အလႉေငြ ေကာက္ခံျခင္းႏွင့္ အရပ္သားမ်ားကိုအေၾကာင္းမဲ့သတ္ေနသည့္ ၿမိဳ႕ျပ PDF မ်ားကို ေစခိုင္း ေထာက္ပံ့ေနသူျဖစ္သျဖင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒမ်ားျဖင့္ အေရးယူ ခံထားရၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဝရမ္းေျပးတစ္ဦးလည္းျဖစ္ ပါသည္။

အႏုပညာရွင္မ်ားအေနျဖင့္ ေက်ာ္ေက်ာ္ေဌးလြင္ကို ခ်စ္ခင္ေလးစားၿပီး ေၾကာက္႐ြံ႕ျခင္း မရွိေသာ္လည္း ၎၏ေစခိုင္းခ်က္အရ PDF မ်ား လာသတ္မည္ကို စိုးရိမ္ေၾကာက္႐ြံ႕ေန ၾကပါသည္။

ထို႔ေၾကာင့္ အႏုပညာရွင္တစ္ခ်ိဳ႕မွာ ၎တို႔၏ အႏုပညာလုပ္ငန္းမ်ားကို မလုပ္ရဲျခင္း၊ ရပ္ပစ္ရျခင္းမ်ား ရွိေနသည့္အတြက္ စားဝတ္ေနေရးက်ပ္တည္းၿပီး အတိဒုကၡေရာက္ေနရပါသည္။

ထို႔ေၾကာင့္ ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူမ်ားအေနျဖင့္ ေက်ာ္ေက်ာ္ေဌးလြင္ ၏ အႏုပညာရွင္မ်ားကို ၿခိမ္းေျခာက္ေနမႈမ်ားႏွင့္ အရပ္သားမ်ားအား သတ္ျဖတ္ရန္ လႈံ႕ေဆာ္ကာ အလႉေငြေကာက္ခံေနမႈမ်ားကို အျမန္ဆုံးအေရးယူ ေဆာင္႐ြက္ေပးပါရန္ အားကိုးယုံၾကည္စြာျဖင့္ တိုင္ၾကားအပ္ပါသည္။

ျမန္မာနိုင္ငံမွ အႏုပညာရွင္မ်ား

(အသက္အႏၱရာယ္စိုးရိမ္ရပါသျဖင့္ အႏုပညာရွင္မ်ား၏အမည္ကို မေဖာ္ျပနိုင္ျခင္းအား နားလည္ေပးပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။)