“ဇူလိုင်လအတွင်းကလည်း ကိုဂျင်မီ၊ ဖြိုးဇေယျာသော်အပါ ၄ ဦးကို သေဒဏ် စီရင်သည့်အပေါ် သွေးကြွေးဆပ်ပြီ”

အင်းစိန်ထောင် ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုများတင်းကျပ်

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယနေ့ နံနက်ပိုင်းက ဗုံးပစ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံ ရေးယူ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်

ယနေ့နံနက် ၄ နာရီဝန်းကျင်က အင်းစိန်ထောင်ဘက်မှ ပေါက်ကွဲမှု အသံကျယ်ကျယ် ကြားခဲ့ရကြောင်းနှင့် နံနက် အစောပိုင်းမှ စကာ နေ့လယ်ပိုင်းအထိ အင်းစိန်ထောင်အနီးနားတဝိုက်ကို စစ်ဆေးမှုများ တင်းကျပ်စွာ ပြလုပ်နေကြောင်း ထောင်နားတွင် နေထိုင်သူများက ဆိုသည်။

အင်းစိန်မြို့ခံ တဦးက “ပေါက်ကွဲမှုက မနက်အစောကြီးက ဖြစ်တာ လေးနာရီ လောက်ရှိမယ်။ မနက်ကတော့ ပေါက်တောဝ နားမှာ ဆိုင်ကယ်တွေ စစ်တယ်။ မနက်စောစောကတည်းက စစ်ကြတာ” ဟု ဧရာဝတီသို့ ပြော သည်။

ထို တိုက်ခိုက်မှုကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် ထောင်ဝန်ထမ်း တဦး ဒဏ်ရာ ရရှိခဲ့သည်ဟုသော သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ပေါက်ကွဲမှုရဲ့ အကျိုးဆက်ပဲ ပေါက်ကွဲအားက တော် တော်ပြင်းတယ်။ ပစ်မှတ်ကတော့ ထောင်ပဲ။ လုံခြုံရေးက အပြည့်ယူထားတယ် ထောင်အတွင်းရော အပြင်ရော” ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တဦးကလည်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အဖွဲ့က လုပ်ဆောင်သည် ဖြစ်ကြောင်း လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုဂျင်မီ၊ ဖြိုးဇေယျာသော်အပါ ၄ ဦးကို သေဒဏ် စီရင်သည့်အပေါ် သွေးကြွေး ဆပ်သည့်အနေဖြင့် အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းကို လက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း United Resistance Force- URF က ထုတ်ပြန်ထားသည်။

Zawgyi(version)

အင္းစိန္ေထာင္ ဗုံးပစ္တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေဆးမႈမ်ားတင္းက်ပ္

ရန္ကုန္ၿမိဳ႕ အင္းစိန္ေထာင္တြင္ ယေန႕ နံနက္ပိုင္းက ဗုံးပစ္တိုက္ခိုက္ခံရသျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လုံၿခဳံ ေရးယူ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသခံ သတင္းရင္းျမစ္မ်ားထံမွ သိရသည္

ယေန႕နံနက္ ၄ နာရီဝန္းက်င္က အင္းစိန္ေထာင္ဘက္မွ ေပါက္ကြဲမႈ အသံက်ယ္က်ယ္ ၾကားခဲ့ရေၾကာင္းႏွင့္ နံနက္ အေစာပိုင္းမွ စကာ ေန႕လယ္ပိုင္းအထိ အင္းစိန္ေထာင္အနီးနားတဝိုက္ကို စစ္ေဆးမႈမ်ား တင္းက်ပ္စြာ ျပလုပ္ေနေၾကာင္း ေထာင္နားတြင္ ေနထိုင္သူမ်ားက ဆိုသည္။

အင္းစိန္ၿမိဳ႕ခံ တဦးက ေပါက္ကြဲမႈက မနက္အေစာႀကီးက ျဖစ္တာ ေလးနာရီ ေလာက္ရွိမယ္။ မနက္ကေတာ့ ေပါက္ေတာဝ နားမွာ ဆိုင္ကယ္ေတြ စစ္တယ္။ မနက္ေစာေစာကတည္းက စစ္ၾကတာ ဟု ဧရာဝတီသို႔ ေျပာ သည္။

ထို တိုက္ခိုက္မႈကို ၄၀ မမ ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္းႏွင့္ ေထာင္ဝန္ထမ္း တဦး ဒဏ္ရာ ရရွိခဲ့သည္ဟုေသာ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ဧရာဝတီအေနျဖင့္ သီးသန႔္ အတည္ျပဳနိုင္ျခင္း မရွိေသးေပ။

ေပါက္ကြဲမႈရဲ႕ အက်ိဳးဆက္ပဲ ေပါက္ကြဲအားက ေတာ္ ေတာ္ျပင္းတယ္။ ပစ္မွတ္ကေတာ့ ေထာင္ပဲ။ လုံၿခဳံေရးက အျပည့္ယူထားတယ္ ေထာင္အတြင္းေရာ အျပင္ေရာ ဟု အက်ဥ္းေထာင္ႏွင့္ နီးစပ္သူ တဦးကလည္း ဆိုသည္။

အဆိုပါ တိုက္ခိုက္မႈကို မည္သည့္ အဖြဲ႕က လုပ္ေဆာင္သည္ ျဖစ္ေၾကာင္း လတ္တေလာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းကလည္း ကိုဂ်င္မီ၊ ၿဖိဳးေဇယ်ာေသာ္အပါ ၄ ဦးကို ေသဒဏ္ စီရင္သည့္အေပၚ ေသြးေႂကြး ဆပ္သည့္အေနျဖင့္ အင္းစိန္ေထာင္ ဝန္ထမ္းလိုင္းခန္းကို လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း United Resistance Force- URF က ထုတ္ျပန္ထားသည္။