မြင်းမူမြို့ ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လ-က်ပ-စ်ဗုံ-းပ-စ်သွ-င်း တို-က်ခို-က်

မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်

▪️စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ဟု Zero ပြောက်ကျားတပ် ပြော

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရဲစခန်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီအဖွဲ့ကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၃ ရက်) နေ့လည် ၁၁ နာရီ ၃၉ မိနစ်ခန့်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားသုံးဦးနှင့် ရဲနှစ်ဦးကို ဝလေးလုံးဘုရား ဘေးမှ အနီးကပ်၍ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကြိုတင်ထောက်လှမ်းတယ်။ပြီးတော့ စောင့်ဆိုင်းပြီး မစ်ရှင်ကို ဆောင်ရွက်ခဲ့တာ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက် ကြီးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး သုံးဦမှာ အတွင်းလူနာအဖြစ် ကုသနေရသည်ဟု အသိပေးသည်။

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်ကို အချိန်မရွေး၊နေရာ မရွေး ဆက်လက်တိုက်ခိုက်သွားမည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ကတိပြုသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများဖြစ်သည်။)

Zawgyi(version)

ျမင္းမူၿမိဳ႕နယ္ ရဲစခန္းတြင္ ကင္းေစာင့္ေနသည့္ စစ္ေကာင္စီအဖြဲ႕ကို လက္ပစ္ဗုံးပစ္သြင္း တိုက္ခိုက္

စစ္ေကာင္စီတပ္သား တစ္ဦးေသဆုံးၿပီး သုံးဦး ဒဏ္ရာျပင္းထန္ဟု Zero ေျပာက္က်ားတပ္ ေျပာ

ရဲေခါင္/Peoples Spring

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ ရဲစခန္းတြင္ ကင္းေစာင့္ေနသည့္ စစ္ေကာင္စီအဖြဲ႕ကို လက္ပစ္ဗုံးပစ္သြင္း တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ သား တစ္ဦးေသဆုံးၿပီး သုံးဦး ျပင္းထန္ဒဏ္ရာရရွိေၾကာင္း Zero ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ)က ထုတ္ျပန္သည္။

ယေန႕(ၾသဂုတ္ ၃ ရက္) ေန႕လည္ ၁၁ နာရီ ၃၉ မိနစ္ခန့္တြင္ ကင္းေစာင့္ေနသည့္ စစ္ေကာင္စီ တပ္သားသုံးဦးႏွင့္ ရဲႏွစ္ဦးကို ဝေလးလုံးဘုရား ေဘးမွ အနီးကပ္၍ လက္ပစ္ဗုံးႏွစ္လုံး ပစ္သြင္း တိုက္ခိုက္ခဲ့ျခင္းဟု ဆိုသည္။

ႀကိဳတင္ေထာက္လွမ္းတယ္။ၿပီးေတာ့ ေစာင့္ဆိုင္းၿပီး မစ္ရွင္ကို ေဆာင္႐ြက္ခဲ့တာဟု Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)ေခါင္းေဆာင္ ကိုသက္ ႀကီးက လူထုႏြေဦးသို႔ ေျပာသည္။

စစ္ေကာင္စီတပ္သားတစ္ဦးမွာ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးၿပီး သုံးဦမွာ အတြင္းလူနာအျဖစ္ ကုသေနရသည္ဟု အသိေပးသည္။

ယခုတိုက္ခိုက္မႈကို Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)ႏွင့္အတူ True Fighter အဖြဲ႕တို႔ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

စစ္ေကာင္စီတပ္ကို အခ်ိန္မေ႐ြး၊ေနရာ မေ႐ြး ဆက္လက္တိုက္ခိုက္သြားမည္ဟု Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)က ကတိျပဳသည္။

(တိုက္ခိုက္မႈတြင္ အသုံးျပဳခဲ့သည့္ လက္ပစ္ဗုံးမ်ားျဖစ္သည္။)